ကမ္ဘာဦးကျမ်း 45:11
ဂေါရှင်အရပ်သို့ရောက်လျှင်သားကဖခင်အား ပြုစုစောင့်ရှောက်နိုင်ပါမည်။ အစာခေါင်းပါးသည့် နှစ်ငါးနှစ်ကျန်သေးသဖြင့်ဖခင်၏အိမ်သူအိမ် သားများနှင့်သိုး၊ ဆိတ်၊ နွားများပါမကျန်ရိက္ခာ ပြတ်၍ဆင်းရဲဒုက္ခမရောက်စေလိုပါ'' ဟူ၍ ဆိုလေ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 47:6အီဂျစ်ပြည်တွင်အကောင်းဆုံးအရပ်ဖြစ် သောဂေါရှင်ဒေသ၌နေထိုင်ကြပါစေ။ သူ တို့အနက်သင့်တော်သောသူများရှိလျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့'' ဟုမိန့်ကြားလေ၏။
Genesis 50:21မစိုးရိမ်ကြပါနှင့်။ ကျွန်ုပ်သည်သင်တို့နှင့် သင်တို့၏သားသမီးများအားကြည့်ရှုစောင့် ရှောက်ထားပါမည်'' ဟုဆိုလေ၏။ ဤနည်းအား ဖြင့်ယောသပ်သည်ညီအစ်ကိုတို့အားနှစ်သိမ့် စကားပြော၍စိတ်ချမ်းသာရာရစေလေ၏။
Matthew 15:5သို့ရာတွင်သင်တို့သွန်သင်ကြသည်ကားဤသို့ တည်း။ အကယ်၍လူတစ်ယောက်၌အဖသို့မဟုတ် အမိအားထောက်ပံ့ရန်ပစ္စည်းတစ်စုံတစ်ရာရှိ သော်လည်း ယင်းပစ္စည်းကိုဘုရားသခင်အဖို့လှူ ပြီးပစ္စည်းဖြစ်သည်ဟုဆိုလျှင်၊-
1 Timothy 5:4သို့ရာတွင်မုဆိုးမတစ်စုံတစ်ယောက်တွင်သား မြေးရှိလျှင် သူတို့သည်မိမိတို့၏အိမ်ထောင်စု ဆိုင်ရာဘာသာရေးတာဝန်ဝတ္တရားများကို လည်းကောင်း၊ မိမိတို့အားကျွေးမွေးပြုစုခဲ့သူ မိဘဘိုးဘွားတို့၏ကျေးဇူးကိုပြန်လည်ဆပ် ပေးမှုကိုလည်းကောင်းဦးစွာသင်ရကြပေမည်။ ဤသို့သောအမှုကိုဘုရားသခင်နှစ်သက် တော်မူ၏။-