ကမ္ဘာဦးကျမ်း 47:6
အီဂျစ်ပြည်တွင်အကောင်းဆုံးအရပ်ဖြစ် သောဂေါရှင်ဒေသ၌နေထိုင်ကြပါစေ။ သူ တို့အနက်သင့်တော်သောသူများရှိလျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့'' ဟုမိန့်ကြားလေ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 20:15အဘိမလက်က``ငါ၏တိုင်းပြည်တစ်ဝန်း လုံးတွင် သင်ကြိုက်ရာအရပ်၌နေလော့'' ဟု အာဗြဟံအားမိန့်ကြား၏။-
Genesis 45:10ဖခင်နှင့်တကွသားသမီး၊ မြေးများ၊ သိုး၊ ဆိတ်၊ နွားမှစသောဖခင်ပိုင်ပစ္စည်းဥစ္စာရှိသမျှတို့ ကိုယူဆောင်၍သားနှင့်အနီးဂေါရှင်အရပ်၌ နေထိုင်ပါလော့။-
Genesis 45:20သူတို့ချန်ခဲ့ရသည့်ပစ္စည်းများအတွက်နှမြော ခြင်းမဖြစ်ကြစေနှင့်။ အီဂျစ်ပြည်တွင်ရှိသမျှ သောစည်းစိမ်ဥစ္စာသည်သူတို့၏စည်းစိမ်ဥစ္စာ ဖြစ်မည်'' ဟုမိန့်မြွက်လေ၏။
Genesis 47:11ယောသပ်သည်ဖာရောဘုရင်အမိန့်တော်ရှိသည့် အတိုင်းသူ၏အဖနှင့်အစ်ကိုတို့အား အီဂျစ် ပြည်ရာမသက်မြို့အနီးရှိအကောင်းဆုံး အရပ်တွင်မြေအပိုင်ပေး၍နေထိုင်စေ၏။-
Exodus 9:3ငါသည်သင်တို့၏မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွား၊ ဆိတ်တို့ကိုရောဂါဆိုးဖြင့်သေကျေ ပျက်စီးစေမည်။-
Exodus 9:21အခြားသောသူများကမူထာဝရဘုရား ၏မိန့်တော်မူချက်ကိုပမာဏမပြုဘဲ မိမိ တို့၏ကျေးကျွန်နှင့်တိရစ္ဆာန်များကိုအမိုး အကာအောက်သို့မသွင်းဘဲနေကြ၏။