ကမ္ဘာဦးကျမ်း 46:3
ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 12:2ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
Genesis 15:1ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
Genesis 18:18သူ၏အဆက်အနွယ်တို့သည်တန်ခိုးအင်အား ကြီးသောလူမျိုးဖြစ်မည်။ ငါသည်သူ့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
Genesis 26:2ထာဝရဘုရားသည်သူ့အားကိုယ်ထင်ပြ ၍``သင်သည်အီဂျစ်ပြည်သို့မသွားနှင့်။ ငါ ပြလတ္တံ့သောပြည်၌နေထိုင်လော့။-
Genesis 35:11တစ်ဖန်ဘုရားသခင်ကသူ့အား``ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ သား သမီးများစွာမွေးဖွားလော့။ လူအမျိုးမျိုး တို့သည်သင်မှဆင်းသက်ကြလိမ့်မည်။ သင် ၏အမျိုးအနွယ်မှဘုရင်များပေါ်ထွန်း လိမ့်မည်။-
Exodus 1:7သို့ရာတွင်ဣသရေလအမျိုးသားတို့သည်သားသမီးမြောက်မြားစွာမွေးဖွား၍ အလွန်တိုးပွားများပြားလာသဖြင့်၊ တစ်တိုင်းတစ်ပြည်လုံးတွင်အနှံ့အပြားနေထိုင်ကြလေသည်။