ကမ္ဘာဦးကျမ်း 47:29
သူသည်စုတေ့ရသောအချိန်နီးလာသော အခါ သားယောသပ်ကိုခေါ်၍ငါ့အားသင် မျက်နှာသာပေးမည်ဆိုလျှင်``ငါ၏ပေါင်အောက် မှာသင်၏လက်ကိုထားလျက် သင်၏ကရုဏာ နှင့်သစ္စာတရားကိုငါ့အားပြမည်ဟုကတိ ပြုပါလော့။ အဖကိုအီဂျစ်ပြည်၌သင်္ဂြိုဟ် ခြင်းမပြုပါနှင့်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 24:2သူသည်သူ၏ပစ္စည်းဥစ္စာအားလုံးတို့ကိုအုပ် ထိန်းရသော အသက်အကြီးဆုံးအစေခံကို ခေါ်လျက်``သင်၏လက်ကိုငါ့ပေါင်အောက်မှာ ထား၍သစ္စာဆိုလော့။-
Genesis 47:9ယာကုပ်က``ကျွန်တော်မျိုးသည်လောကတွင် ဧည့်သည်အာဂန္တုအဖြစ်နှစ်ပေါင်းတစ်ရာ့သုံး ဆယ်နေထိုင်ခဲ့ပါပြီ။ သို့ရာတွင်ဘိုးဘေး တို့၏သက်တမ်းကိုမမီပါ။ ကျွန်တော်မျိုး အသက်ရှင်ခဲ့သောနှစ်များမှာတို၍ကြမ်း တမ်းလှပါ၏'' ဟုလျှောက်လေ၏။-
Genesis 50:5``ကျွန်တော်၏အဖသေအံ့ဆဲဆဲတွင်သူ့အား ခါနာန်ပြည်ရှိသူဝယ်ထားသောသင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်ဟု ကျွန်တော်အားကတိသစ္စာပြု စေခဲ့ပါသည်။ သို့ဖြစ်၍အဖ၏အလောင်းကို သင်္ဂြိုဟ်ရန် ခါနာန်ပြည်သို့သွား၍အလောင်း ကိုသင်္ဂြိုဟ်ပြီးလျှင်အီဂျစ်ပြည်သို့ပြန်လာ ပါမည်''ဟုဆိုလေ၏။
Genesis 50:24ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။-
Deuteronomy 31:16ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
Joshua 23:14ငါမူကားစုတေရမည့်အချိန်နီးလာပြီ။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည်ကတိ တော်ရှိသည်အတိုင်း သင်တို့အတွက်ကောင်းချီး မင်္ဂလာရှိသမျှကိုချပေးတော်မူခဲ့သည်ဟု သင်တို့စိတ်အတွင်း၌ခံစားရကြ၏။ ကိုယ်တော် သည်ကတိတော်ရှိသမျှအကောင်အထည်ပေါ် စေခဲ့လေပြီ။ အကောင်အထည်မပေါ်သည့် ကတိတော်ဟူ၍တစ်ခုမျှမရှိ။-