ကမ္ဘာဦးကျမ်း 47:9
ယာကုပ်က``ကျွန်တော်မျိုးသည်လောကတွင် ဧည့်သည်အာဂန္တုအဖြစ်နှစ်ပေါင်းတစ်ရာ့သုံး ဆယ်နေထိုင်ခဲ့ပါပြီ။ သို့ရာတွင်ဘိုးဘေး တို့၏သက်တမ်းကိုမမီပါ။ ကျွန်တော်မျိုး အသက်ရှင်ခဲ့သောနှစ်များမှာတို၍ကြမ်း တမ်းလှပါ၏'' ဟုလျှောက်လေ၏။-
Common Language Bible
In The King James Version
In Context
8ဘုရင်ကယာကုပ်အား``အသက်အရွယ်မည် မျှရှိပါသနည်း'' ဟုမေး၏။
Cross References
Genesis 5:27အသက်ကိုးရာခြောက်ဆယ့်ကိုးနှစ်ရှိသော် ကွယ်လွန်လေ၏။
Genesis 11:24နာခေါ်သည်အသက်နှစ်ဆယ့်ကိုးနှစ်ရှိသော အခါ တေရအမည်ရှိသားကိုရ၏။-
Genesis 35:28ဣဇာက်သည်အသက်တစ်ရာ့ရှစ်ဆယ်ထိအသက် ရှင်၏။ သူသည်အရွယ်ကြီးရင့်၍နေ့ရက်နှစ် ပေါင်းများစွာပြည့်ပြီဖြစ်သောကြောင့် နောက် ဆုံးထွက်သက်ကိုရှူ၍ကွယ်လွန်လေသည်။ သူသည်မိမိလူမျိုးစုနှင့်စုဝေးခွင့်ရ၏။-
Genesis 50:26သို့ဖြစ်၍ယောသပ်သည်အသက်တစ်ရာ့တစ် ဆယ်ရှိသော်ကွယ်လွန်လေ၏။ သူတို့သည်သူ ၏ရုပ်အလောင်းကိုကြာရှည်ခံအောင်ဆေးစိမ် ၍ အီဂျစ်ပြည်၌ခေါင်းသွင်းထားကြသတည်း။ ရှင်မောရှေရေးထားသောကမ္ဘာဦးကျမ်းပြီး၏။
Exodus 7:7ဘုရင်ထံသို့ဝင်၍လျှောက်ထားချိန်၌မောရှေ သည် အသက်ရှစ်ဆယ်၊ အာရုန်သည်အသက်ရှစ် ဆယ်သုံးနှစ်ရှိကြသတည်း။
Joshua 24:29ထိုနောက်ထာဝရဘုရား၏အစေခံ၊ နုန်၏ သားယောရှုသည်အသက်တစ်ရာ့တစ်ဆယ် ရှိသော်အနိစ္စရောက်လေသည်။-