ကမ္ဘာဦးကျမ်း 47:7
ထိုနောက်ယောသပ်သည်မိမိ၏အဖကိုဘုရင် ရှေ့သို့ခေါ်ဆောင်ခဲ့၏။ ယာကုပ်သည်ဖာရော ဘုရင်အားကောင်းချီးပေးလေ၏။-
Common Language Bible
In The King James Version
And Joseph brought in Jacob his father, and set him before Pharaoh: and Jacob blessed Pharaoh.
In Context
8ဘုရင်ကယာကုပ်အား``အသက်အရွယ်မည် မျှရှိပါသနည်း'' ဟုမေး၏။
Cross References
Genesis 14:19သူ့အားကောင်းချီးပေးလျက်``ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။-
Genesis 47:10ထိုနောက်ယာကုပ်သည်ဖာရောဘုရင်ကိုနှုတ် ဆက်ကောင်းချီးပေးပြီးလျှင် ဘုရင့်ထံတော် မှထွက်လာခဲ့လေ၏။-
1 Samuel 2:20ထိုအခါဧလိသည်ဧလကာနနှင့်ဇနီး အား ကောင်းချီးပေးပြီးလျှင်``ထာဝရဘုရား အားသင်ဆက်ကပ်သည့်သားအစား ကိုယ်တော် သည်သင့်အားဤအမျိုးသမီးအားဖြင့် အခြားသားသမီးများကိုပေးသနား တော်မူပါစေသော'' ဟုဧလကာနအား ပြောလေ့ရှိ၏။ ထိုနောက်သူတို့သည်မိမိတို့နေအိမ်သို့ပြန် သွားကြ၏။
2 Samuel 14:22ယွာဘသည်ဒါဝိဒ်၏ရှေ့တော်၌ပျပ်ဝပ်ပြီး လျှင်``အရှင်မင်းကြီး၊ အရှင့်အားဘုရားသခင် ကောင်းချီးပေးတော်မူပါစေသော။ အရှင်သည် အကျွန်ုပ်အားနှစ်သက်တော်မူကြောင်းယခု အကျွန်ုပ်သိရှိရပါပြီ။ အဘယ်ကြောင့်ဆို သော်အရှင်သည်အကျွန်ုပ်ပန်ကြားသည့် အတိုင်းပြုတော်မူသောကြောင့်ဖြစ်ပါ၏'' ဟုလျှောက်လေ၏။-
1 Kings 1:47မှူးမတ်များသည်ဒါဝိဒ်မင်းထံအရိုအသေ ပြုရန် သွားရောက်၍`အရှင်၏ဘုရားသခင်သည် ရှောလမုန်အားအရှင့်ထက်ပင်ပို၍ထင်ပေါ် ကျော်စောအောင်ပြုတော်မူပါစေသော။ သူနန်း စံချိန်၌လည်းအရှင်နန်းစံတော်မူချိန်မှာထက် ပို၍ပြည်တော်သာယာဝပြောပါစေသော' ဟု လျှောက်ထားကြပါ၏။ ထိုအခါဒါဝိဒ်မင်း သည်မိမိ၏အိပ်ရာပေါ်တွင်ဦးညွှတ်လျက်၊-