ကမ္ဘာဦးကျမ်း 6:4
ကမ္ဘာပေါ်တွင်ထိုကာလနှင့်နောက်ပိုင်းကာလ၌ လူတို့၏သမီးများနှင့်အထက်ဘုံသားတို့မှ ပေါက်ဖွားလာသောသူများရှိကြ၏။ ထိုသူတို့ သည်ကိုယ်ခန္ဓာအလွန်ထွားကြိုင်း၍ ရှေးခေတ် အခါကနာမည်ကျော်လူစွမ်းကောင်းများ ဖြစ်ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Numbers 13:33အလွန်ထွားကျိုင်းသောအာနကလူမျိုး၏ အဆက်အနွယ်များကိုလည်း ငါတို့တွေ့မြင် ခဲ့ရသည်။ ငါတို့အမြင်အားဖြင့်ငါတို့သည် သူတို့ရှေ့တွင်နှံကောင်များသဖွယ်သေးငယ် ပါ၏။ သူတို့သည်ငါတို့ကိုနှံကောင်များ သဖွယ်မြင်ပါမည်'' ဟုဆိုကြလေသည်။
Deuteronomy 2:11သူတို့သည်ထွားကြိုင်းသောအာနကလူကဲ့ သို့ အရပ်အမောင်းမြင့်မားသည်။ အာနကလူ အမျိုးကဲ့သို့သူတို့ကို ရီဖိမ်လူမျိုးဟူ၍ လည်းခေါ်တွင်ကြသည်။ သို့ရာတွင်မောဘ အမျိုးသားတို့က သူတို့အားဧမိမ်လူ မျိုးဟူ၍ခေါ်ကြသည်။-
Deuteronomy 3:11(သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)
2 Samuel 21:15ဖိလိတ္တိအမျိုးသားတို့နှင့်ဣသရေလအမျိုး သားတို့သည်တစ်ဖန်စစ်ဖြစ်ကြပြန်၏။ ဒါဝိဒ် နှင့်လူတို့သည် ဖိလိတ္တိအမျိုးသားတို့ထံသို့ သွားရောက်တိုက်ခိုက်ကြ၏။ တိုက်ပွဲတစ်ခုတွင် ဒါဝိဒ်သည်မောပန်းလျက်နေ၏။-