တောလည်ရာကျမ်း 13:33
အလွန်ထွားကျိုင်းသောအာနကလူမျိုး၏ အဆက်အနွယ်များကိုလည်း ငါတို့တွေ့မြင် ခဲ့ရသည်။ ငါတို့အမြင်အားဖြင့်ငါတို့သည် သူတို့ရှေ့တွင်နှံကောင်များသဖွယ်သေးငယ် ပါ၏။ သူတို့သည်ငါတို့ကိုနှံကောင်များ သဖွယ်မြင်ပါမည်'' ဟုဆိုကြလေသည်။
Common Language Bible
In The King James Version
In Context
Cross References
Numbers 13:22ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)
Deuteronomy 2:10(အာရမြို့တွင်ယခင်အခါက အလွန်ထွား ကြိုင်း၍ခွန်အားကြီးသောဧမိမ်လူမျိုးနေ ထိုင်ခဲ့ကြ၏။-
Deuteronomy 9:2လူတို့သည်အရပ်မြင့်၍ခွန်အားဗလကောင်း ၏။ သူတို့သည်အလွန်ထွားကြိုင်းသဖြင့် မည် သူမျှသူတို့ကိုမယှဉ်ပြိုင်နိုင်ကြောင်းသင် တို့ကြားဖူးခဲ့ကြပြီ။-
1 Samuel 17:24ဣသရေလအမျိုးသားတို့သည်ဂေါလျတ် ကိုမြင်လျှင်ကြောက်၍ထွက်ပြေးကြ၏။-
2 Samuel 21:20ထိုနောက်တစ်ဖန်ဂါသမြို့၌ပင်တိုက်ပွဲ တစ်ခုဖြစ်ပြန်၏။ ထိုတိုက်ပွဲတွင်စစ်တိုက် ဝါသနာပါ၍အလွန်ထွားကျိုင်းသူလူ တစ်ယောက်ပါရှိ၏။ သူ၏လက်များတွင် လက်ချောင်းခြောက်ချောင်းစီနှင့်ခြေများ တွင်ခြေချောင်းခြောက်ချောင်းစီရှိ၏။-
Isaiah 40:22ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။