ကမ္ဘာဦးကျမ်း 7:21
ထိုအခါကမ္ဘာမြေကြီးပေါ်မှလူ၊ တိရစ္ဆာန်၊ ငှက် စသောသက်ရှိသတ္တဝါအပေါင်းတို့သည်သေ ကြေပျက်စီးကြကုန်၏။-
Common Language Bible
In The King James Version
In Context
20ထိုနောက်တောင်ထိပ်များအထက်သို့နှစ်ဆယ့် ငါးပေအထိရေတက်လာလေ၏။-
22သို့ဖြစ်၍အသက်ရှင်သမျှသောသတ္တဝါတို့ သေကြေကြကုန်၏။-
Cross References
Genesis 6:13ထိုအခါဘုရားသခင်သည်နောဧအား``ငါ သည်လူသတ္တဝါအားလုံးကိုသုတ်သင်ရန်ဆုံး ဖြတ်ပြီးပြီ။ ကမ္ဘာမြေကြီးသည်သူတို့၏ပြစ် မှုများဖြင့်ပြည့်နှက်လျက်ရှိသဖြင့် သူတို့ကို အကုန်အစင်သေကြေပျက်စီးစေမည်။-
Genesis 7:4ခုနစ်ရက်ကြာလျှင်ဖန်ဆင်းခဲ့သမျှသော သတ္တဝါများကိုသေကြေပျက်စီးစေခြင်းငှာ ကမ္ဘာမြေကြီးပေါ်၌အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးကိုငါရွာစေမည်'' ဟု မိန့်တော်မူ၏။-
Isaiah 24:6ထို့ကြောင့်ဘုရားသခင်သည်ကမ္ဘာမြေကြီး ကိုကျိန်စာသင့်စေတော်မူ၏။ ကမ္ဘာသူကမ္ဘာ သားတို့သည်လည်းမိမိတို့ပြုခဲ့သည့်မ ကောင်းမှု၏အကျိုးဆက်ကိုခံယူရကြကုန် ၏။ အသက်မသေဘဲကျန်ရှိသူများသည် လည်းနည်းသည်ထက်နည်း၍လာတော့၏။-
Jeremiah 4:22ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
Hosea 4:3သို့ဖြစ်၍ဤပြည်သည်ခြောက်သွေ့လျက် သက်ရှိသတ္တဝါအပေါင်းတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ တိရစ္ဆာန်များ၊ ငှက်များ နှင့်ပင်လယ်ထဲရှိငါးများပင်သေကြေ ပျက်စီးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Joel 2:3ကျိုင်းကောင်တို့၏ရှေ့နှင့်နောက်တွင်သီးနှံပင်များကို မီးကဲ့သို့ကိုက်စားကြ၏။ မြေကြီးသည်သူတို့၏ရှေ့၌ဧဒင်ဥယျာဉ်နှင့် တူ၍ သူတို့၏နောက်တွင်မူကား၊သီးနှံပင်ကင်းမဲ့သည့် သဲကန္တာရနှင့်တူ၏။ သူတို့၏ဘေးအန္တရာယ်မှလွတ်မြောက်သည့် အသီးအနှံဟူ၍မရှိ။