Joel 2:3
ကျိုင်းကောင်တို့၏ရှေ့နှင့်နောက်တွင်သီးနှံပင်များကို မီးကဲ့သို့ကိုက်စားကြ၏။ မြေကြီးသည်သူတို့၏ရှေ့၌ဧဒင်ဥယျာဉ်နှင့် တူ၍ သူတို့၏နောက်တွင်မူကား၊သီးနှံပင်ကင်းမဲ့သည့် သဲကန္တာရနှင့်တူ၏။ သူတို့၏ဘေးအန္တရာယ်မှလွတ်မြောက်သည့် အသီးအနှံဟူ၍မရှိ။
Common Language Bible
In The King James Version
In Context
4ကျိုင်းကောင်တို့သည်မြင်းများနှင့်သဏ္ဌာန်တူ၍၊ စစ်မြင်းကဲ့သို့ပြေးကြ၏။
Cross References
Genesis 2:8ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ဥယျာဉ်ကိုတည် ပြီးလျှင် ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ် တွင်နေစေတော်မူ၏။-
Exodus 10:5ထိုကျိုင်းကောင်တို့သည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းမည်။ ယင်းတို့သည်မိုးသီးဒဏ်ကြောင့် မပျက်စီးဘဲကျန်ရှိသမျှကိုကိုက်စား ကြလိမ့်မည်။ အပင်ရှိသမျှတို့ကိုလည်း စားပစ်ကြလိမ့်မည်။-
Psalms 50:3ငါတို့၏ဘုရားသည်ကြွလာတော်မူ၏။ သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။ ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက် ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။
Isaiah 33:4သူတို့၏ပစ္စည်းဥစ္စာများကိုလည်းတိုက်ရာ ပါအဖြစ်လုယက်သိမ်းယူခြင်းကိုခံရ ကြပါ၏။
Jeremiah 5:17သူတို့သည်သင်တို့၏အသီးအနှံများနှင့်အစာရေစာများကိုစားသောက်ကာ သင်တို့သားသမီးများကိုသတ်ကြလိမ့်မည်။ သူတို့သည်သင်တို့သိုးအုပ်၊ နွားအုပ်များကိုစားကြလိမ့်မည်။ သင်တို့စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။ သူတို့၏တပ်မတော်သည်သင်တို့အားကိုးအားထားပြုသည့်ခံတပ်မြို့များကိုဖြိုဖျက်ပစ်ကြလိမ့်မည်။''
Joel 1:4ကျိုင်းကောင်များသည်တစ်အုပ်ပြီးတစ်အုပ် ကောက်ပဲသီးနှံများအပေါ်သို့သက်ဆင်းကြ၏။ ကျိုင်းကောင်တစ်အုပ်စား၍ကြွင်းသောအရာကိုအခြားတစ်အုပ်ကစားကြလေသည်။