ကမ္ဘာဦးကျမ်း 9:25
``ခါနာန်သည်ကျိန်စာသင့်ပါစေသော။ သူသည်အစ်ကိုတို့ထံတွင်ကျွန်ခံရပါစေသော။
Common Language Bible
In The King James Version
And he said, Cursed be Canaan; a servant of servants shall he be unto his brethren.
In Context
24နောဧအမူးပြေ၍သတိရလာသဖြင့် အငယ်ဆုံးသားပြုမူပုံကိုသိရှိရသောအခါ၊
Cross References
Genesis 3:14ထိုအခါထာဝရအရှင်ဘုရားသခင်က မြွေအား``သင်သည် ဤသို့ပြုလုပ်သည့်အတွက် ဒဏ်ခံရမည်။ တိရစ္ဆာန်အပေါင်းတို့တွင်သင်သာ လျှင် ဤကျိန်စာသင့်မည်။ ယခုမှစ၍သင် သည်ဝမ်းဗိုက်ဖြင့်တွားသွားလျက် မြေမှုန့်ကို တစ်သက်လုံးစားရမည်။-
Genesis 9:22ခါနာန်၏ဖခင်ဟာမသည်သူ၏ဖခင်ကိုယ်တုံးလုံးရှိသည့်အဖြစ်ကိုမြင်ရလျှင် အပြင်သို့ထွက်၍အစ်ကိုနှစ်ယောက်တို့အားပြောပြလေ၏။-
Deuteronomy 27:16`` `ဖခင်သို့မဟုတ်မိခင်၏အသရေကို ရှုတ်ချသောသူသည်၊ ဘုရားသခင်၏ကျိန် ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။
Joshua 9:23ထိုပြစ်မှုကြောင့်ဘုရားသခင်သည်သင်တို့ ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။ သို့ဖြစ်၍ ငါ့ဘုရားသခင်၏အိမ်တော်အတွက် သင်တို့ သည်ရေခပ်ထင်းခုတ်အလုပ်ကိုလုပ်၍ အမြဲကျွန်ခံရကြမည်'' ဟုဆို၏။
Judges 1:28ဣသရေလအမျိုးသားတို့သည်ပို၍အင်အား တောင့်တင်းလာသောအခါ ခါနာန်အမျိုးသား တို့အားချွေးတပ်ဆွဲကြ၏။ သို့ရာတွင်သူတို့ အားနှင်ထုတ်ခြင်းကိုမူမပြုကြ။
2 Chronicles 8:7ရှောလမုန်သည်ခါနာန်ပြည်ကိုဣသရေလ အမျိုးသားတို့သိမ်းယူစဉ်အခါက မသတ် ဘဲကျန်ကြွင်းခဲ့သည့်ခါနာန်ပြည်သားများ မှဆင်းသက်လာသူတို့ကို မိမိ၏ချွေးတပ် အတွက်အသုံးပြုတော်မူ၏။ ထိုသူတို့အထဲ တွင်အာမောရိအမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ပါဝင်ကြ၏။ ထို သူတို့၏သားမြေးများသည်ယနေ့တိုင် အောင်ဆက်လက်၍ကျွန်ခံနေရကြသတည်း။-