ယောရှုမှတ်စာ 9:23
ထိုပြစ်မှုကြောင့်ဘုရားသခင်သည်သင်တို့ ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။ သို့ဖြစ်၍ ငါ့ဘုရားသခင်၏အိမ်တော်အတွက် သင်တို့ သည်ရေခပ်ထင်းခုတ်အလုပ်ကိုလုပ်၍ အမြဲကျွန်ခံရကြမည်'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 9:25``ခါနာန်သည်ကျိန်စာသင့်ပါစေသော။ သူသည်အစ်ကိုတို့ထံတွင်ကျွန်ခံရပါစေသော။
Leviticus 27:28ထာဝရဘုရားအား အပြီးအပိုင်လုံးဝ ပူဇော်ဆက်သထားသောလူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ မြေယာကိုဖြစ်စေ မရောင်းမဝယ်ရ။ ထိုကဲ့သို့ပူဇော်ဆက်သ ထားသမျှကိုထာဝရဘုရားအမြဲ ပိုင်၏။-
Joshua 9:27တစ်ချိန်တည်း၌ပင်သူတို့အားကျွန်များ အဖြစ်ဣသရေလအမျိုးသားများနှင့် ထာဝရဘုရား၏ယဇ်ပလ္လင်အတွက်ရေခပ် ထင်းခုတ်သည့်အလုပ်ကိုလုပ်စေ၏။ ယနေ့ တိုင်အောင်သူတို့သည်ထာဝရဘုရားရွေး ချယ်သောဝတ်ပြုကိုးကွယ်ရာဌာနတွင် ရေခပ်ထင်းခုတ်သည့်အလုပ်ကိုလုပ်ရ ကြလေသည်။