ကမ္ဘာဦးကျမ်း 9:4
သင်တို့မစားရသောအရာတစ်ခုရှိ၏။ ထိုအရာကားသွေးပါရှိသည့်အသားဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သွေး၌အသက်တည်ရှိသောကြောင့်ဖြစ်သတည်း။-
Common Language Bible
In The King James Version
But flesh with the life thereof, which is the blood thereof, shall ye not eat.
In Context
5လူ့အသက်ကိုသတ်သောသူအားဒဏ်ခံစေမည်။ လူကိုသတ်သောတိရစ္ဆာန်အားငါသည်သေဒဏ်ခံစေမည်။-
Cross References
Leviticus 3:17ဣသရေလအမျိုးသားတို့သည်အဆီ ကိုသော်လည်းကောင်း၊ သွေးကိုသော်လည်း ကောင်းမစားရ။ အရပ်ရပ်တွင်နေထိုင်သော ဣသရေလအမျိုးသားအပေါင်းတို့သည် ဤပညတ်ကိုထာဝစဉ်လိုက်နာရကြမည်။
Leviticus 17:10ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ အမျိုးသားတို့နှင့်နေထိုင်သောလူမျိုးခြား သားဖြစ်စေ၊ သွေးပါသောအသားကိုစား လျှင် ထာဝရဘုရားသည်ထိုသူကိုမျက်နှာ လွှဲ၍ မိမိ၏လူမျိုးတော်မှထုတ်ပယ်တော် မူလိမ့်မည်။-
Deuteronomy 12:16သို့ရာတွင်တိရစ္ဆာန်တို့၏သွေးကိုမူကား မစားရ။ ရေကိုသွန်သကဲ့သို့မြေပေါ်မှာ သွန်ရမည်။-
Deuteronomy 14:21``အလိုအလျောက်သေသောတိရစ္ဆာန်၏အသား ကိုမစားရ။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင် သောလူမျိုးခြားတို့အား ထိုအသားကိုစား ခွင့်ပြုနိုင်၏။ သို့မဟုတ်ထိုအသားကိုလူမျိုး ခြားတို့အားရောင်းခွင့်ရှိသည်။ သင်တို့ကိုမူ ကား သင်တို့၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။ သင်တို့သည်ကိုယ်တော်၏ လူမျိုးတော်ဖြစ်ကြ၏။ ``သိုးကလေးသို့မဟုတ်ဆိတ်ကလေးကို ယင်း၏အမိနို့ရည်၌မချက်မပြုတ်ရ။''
1 Samuel 14:33ယင်းသို့လူတို့သည်သွေးသံရဲရဲနှင့်စား သောက်ကာ ထာဝရဘုရားအားပြစ်မှား ကြကြောင်းကိုရှောလုအားလျှောက်ထား ကြသောအခါ၊ ရှောလုက``သင်တို့သည်သစ္စာဖောက်ကြလေ ပြီတကား။ ကျောက်တုံးကြီးကိုဤအရပ် သို့လှိမ့်ယူခဲ့ကြလော့'' ဟုဆို၏။-
Ezekiel 33:25``သူတို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား သင်တို့သည်အမဲသားနှင့် အတူသွေးကိုလည်းစားကြ၏။ ရုပ်တုများ ကိုဝတ်ပြုရှိခိုးကြ၏။ လူ၏အသက်ကို သတ်ကြ၏။ သို့ပါလျက်ဤပြည်ကိုသင်တို့ အပိုင်ရပြီဟုအဘယ်ကြောင့်ထင်မှတ် ကြသနည်း။-