တရားဟောရာကျမ်း 14:21
``အလိုအလျောက်သေသောတိရစ္ဆာန်၏အသား ကိုမစားရ။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင် သောလူမျိုးခြားတို့အား ထိုအသားကိုစား ခွင့်ပြုနိုင်၏။ သို့မဟုတ်ထိုအသားကိုလူမျိုး ခြားတို့အားရောင်းခွင့်ရှိသည်။ သင်တို့ကိုမူ ကား သင်တို့၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။ သင်တို့သည်ကိုယ်တော်၏ လူမျိုးတော်ဖြစ်ကြ၏။ ``သိုးကလေးသို့မဟုတ်ဆိတ်ကလေးကို ယင်း၏အမိနို့ရည်၌မချက်မပြုတ်ရ။''
Common Language Bible
In The King James Version
In Context
20သန့်စင်သောပိုးမွှားများကိုမူကားစားနိုင်၏။
Cross References
Exodus 22:30သင်တို့၏သိုး၊ နွားတို့မှသားဦးပေါက်များကို လည်းငါ့အားဆက်ကပ်ရမည်။ သိုးနွားသားဦး ပေါက်များသည်သူတို့၏မိခင်နှင့်အတူခုနစ် ရက်နေစေ၍ အဋ္ဌမနေ့တွင်ထိုသိုးနွားများ ကိုငါ့အားဆက်ကပ်ရမည်။
Exodus 34:26``နှစ်စဉ်သင်တို့၏လယ်မြေမှအဦးသီး သောအသီးအနှံကို၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအိမ်တော်သို့ယူ ဆောင်ဆက်သရကြမည်။ ``သိုးငယ်၊ ဆိတ်ငယ်၏အသားကို အမိနို့ရည် ၌မချက်ပြုတ်ရ'' ဟုမိန့်တော်မူ၏။
Leviticus 17:15ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြား သားဖြစ်စေ၊ ဋ္ဌမ္မတာအလျောက်သေသော တိရစ္ဆာန်၏အသား သို့မဟုတ်သားရဲကိုက် သတ်၍သေသောတိရစ္ဆာန်၏အသားကိုစား လျှင် မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်စောင့်ဆိုင်း ပြီးမှ ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။-
Leviticus 22:8သူသည်သဘာဝအလျောက်သေသော တိရစ္ဆာန်သို့မဟုတ်သားရဲကိုက်သတ်၍သေ သောတိရစ္ဆာန်၏အသားကိုမစားရ။ ယင်း သို့စားလျှင်သူသည်မသန့်စင်ချေ။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။
Ezekiel 4:14သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။
Daniel 12:7ထိုကောင်းကင်တမန်သည် မိုးကောင်းကင် သို့လက်နှစ်ဖက်ကိုမြှောက်ချီကာ ကာလ အစဉ်အသက်ရှင်တော်မူသောဘုရားအား တိုင်တည်၍ကျိန်ဆိုသည်မှာ``သုံးနှစ်ခွဲမျှ ကြာလိမ့်ဦးမည်။ ဘုရားသခင်၏လူမျိုး တော်ခံရသောညှင်းဆဲနှိပ်စက်မှုများ ပြီးဆုံးချိန်၌ ဤအမှုအရာအပေါင်း တို့သည်လည်းပြီးဆုံးသွားလိမ့်မည်'' ဟု မြွက်ဆိုသည်ကိုငါကြားရ၏။