The Bible Software
bible.software › ဟဗက္ကုတ်အနာဂတ္တိကျမ်း › ဟဗက္ကုတ်အနာဂတ္တိကျမ်း 1 › ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:12

ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:12

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​စ​ဦး​ကာ​လ​က​ပင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​လျက်​ထာ​ဝ​ရ​ကာ​လ​တည်​ရှိ​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ကွယ်​ကာ​ရာ​ကျောက်​``ကိုယ်​တော်​ရှင်​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို​ရွေး​ချယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​နိုင်​စေ​ရန် သူ​တို့​ကို​ခွန်​အား​နှင့်​ပြည့်​စေ​တော်​မူ​ပြီ။-

Common Language Bible

In The King James Version

Art thou not from everlasting, O LORD my God, mine Holy One? we shall not die. O LORD, thou hast ordained them for judgment; and, O mighty God, thou hast established them for correction.

In Context

11ထို​နောက်​မိ​မိ​တို့​၏​တန်​ခိုး​အာ​ဏာ​ကို ဘု​ရား​အ​မှတ်​ဖြင့်​ကိုး​ကွယ်​ကြ​ကုန်​သော​ထို​သူ​တို့​သည် လေ​ကဲ့​သို့​တ​ဟုန်​တည်း​ပြင်း​စွာ​ဖြတ်​ကျော်​ထွက်​ခွာ​သွား​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

13သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ဆိုး​ညစ်​သူ​သစ္စာ​ဖောက်​တို့​အား အ​ဘယ်​သို့​လျှင်​သည်း​ခံ​နိုင်​တော်​မူ​ပါ​သနည်း။ ကိုယ်​တော်​ရှင်​၏​မျက်​စိ​တော်​တို့​သည်​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​လှ​သည်​ဖြစ်​၍​ဆိုး​ညစ်​မှု​ကို​ကြည့်​မ​ရ​ပါ။ ကိုယ်​တော်​ရှင်​သည်​လူ​တို့​ဒု​စ​ရိုက်​ပြု​ကျင့်​မှု​ကို​လည်း​သည်း​မ​ခံ​နိုင်​ပါ။ သို့​ဖြစ်​၍​မိ​မိ​တို့​ထက်​ကိုယ်​ကျင့်​တ​ရား​ကောင်း​မွန်​သူ​တို့​အား ထို​သူ​တို့​သုတ်​သင်​ပယ်​ရှင်း​ကြ​သော​အ​ခါ​ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ဆိတ်​ဆိတ်​နေ​တော်​မူ​ပါ​သ​နည်း။

Read all of ဟဗက္ကုတ်အနာဂတ္တိကျမ်း 1

Cross References

Deuteronomy 32:4``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကာ​ကွယ် တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ အ​မှု​တော်​ခပ်​သိမ်း​တို့​သည်​စုံ​လင်​၍ တ​ရား​မျှ​တ​ပေ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​သည်​သစ္စာ​တည်​သော​ဘု​ရား၊ ဖြောင့်​မတ်​မှန်​ကန်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။

Deuteronomy 33:27ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​အ​စဉ်​အ​မြဲ ကွယ်​ကာ​တော်​မူ​၏။ ထာ​ဝ​ရ​လက်​ရုံး​တော်​သည်​သင်​တို့​ကို ထောက်​ပင့်​တော်​မူ​၏။ ကိုယ်​တော်​သည်​သင်​တို့​ချီ​တက်​ရာ​လမ်း​မှ ရန်​သူ​များ​ကို​နှင်​ထုတ်​တော်​မူ​၏။ ထို​ရန်​သူ​အ​ပေါင်း​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် သင်​တို့​အား​အ​မိန့်​ပေး​တော်​မူ၏။

2 Kings 19:25``ရှေး​မ​ဆွ​က​ပင်​လျှင်​ဤ​အ​မှု​အ​ရာ​များ ကို ငါ​စီ​မံ​ခဲ့​ကြောင်း​သင်​အ​ဘယ်​အ​ခါ​၌​မျှ မ​ကြား​ဘူး​သ​လော။ ယ​ခု​ထို​အ​မှု​အ​ရာ များ​ကို​ငါ​ဖြစ်​ပွား​စေ​ပြီ။ ခံ​တပ်​မြို့​များ​ကို အ​မှိုက်​ပုံ​ဖြစ်​စေ​နိုင်​သော​တန်​ခိုး​ကို​သင့် အား​ငါ​ပေး​အပ်​ခဲ့​၏။-

Psalms 18:1အို ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​အ​လွန်​ပင် ချစ်​ခင်​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။

Psalms 90:1အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ကာ​လ​အ​စဉ်​အ​ဆက် ကျွန်​တော်​မျိုး​တို့​၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​ပါ​၏။

Psalms 93:2အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ရာ​ဇ​ပလ္လင်​တော်​သည်​အ​စ​အ​ဦး​မှ စ​၍​တည်​တံ့​ခိုင်​မြဲ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကပ်​ကာ​လ​မ​ပေါ်​မီ​က​ပင်​လျှင် ရှိ​နေ​တော်​မူ​ပါ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:11ဟဗက္ကုတ်အနာဂတ္တိကျမ်း 1ဟဗက္ကုတ်အနာဂတ္တိကျမ်း 1:13 →