ဟေဗြဲဩဝါဒစာ 13:3
သင်တို့သည်အကျဉ်းခံရသူများနှင့်အတူ အကျဉ်းခံနေရသကဲ့သို့မှတ်ယူလျက် သူတို့ အားသတိရကြလော့။ မိမိတို့ကိုယ်တိုင်ပင် ဒုက္ခဝေဒနာခံရသကဲ့သို့ဒုက္ခဝေဒနာ ခံရသူများကိုသတိရကြလော့။
Common Language Bible
In The King James Version
In Context
Cross References
Genesis 40:23သို့သော်လည်းဖလားတော်ဆက်ဝန်သည်ယောသပ် ကိုသတိမရဘဲမေ့လျော့လျက်နေလေ၏။
Jeremiah 38:7သို့ရာတွင်နန်းတော်အမှုထမ်းဆူဒန်အမျိုး သားမိန်းမစိုးဧဗဒမေလက်သည် ဤသို့ထို သူတို့ကရေတွင်းထဲသို့ချလိုက်ကြောင်းကို ကြားသိသွားလေသည်။ ထိုအချိန်၌မင်းကြီး သည်ဗင်္ယာမိန်တံခါးအနီးတွင်ညီလာခံ လျက်နေ၏။-
Matthew 25:43ငါသည်ဧည့်သည်ဖြစ်စဉ်အခါကဧည့်သည်ဝတ် ကိုမပြုကြ။ ငါသည်အဝတ်အချည်းစည်းဖြစ် စဉ်အခါကအဝတ်ဝတ်ဆင်မပေးကြ။ ငါဖျား နာစဉ်အခါကလည်းကောင်း၊ ထောင်ကျစဉ်အခါ ကလည်းကောင်းသင်တို့သည်ငါ့ထံကိုမလာကြ' ဟုမိန့်တော်မူ၏။
Acts 24:23ပေါလုကိုအစောင့်အကြပ်နှင့်အကျယ်ချုပ် ထားကာ သူ၏မိတ်ဆွေသင်္ဂဟများလာရောက် ပြုစုသည်ကိုခွင့်ပြုရန်တပ်ခွဲမှူးအားအမိန့် ပေး၏။
Romans 12:15ဝမ်းမြောက်သူတို့နှင့်အတူဝမ်းမြောက်ကြ လော့။ ငိုကြွေးသူတို့နှင့်အတူငိုကြွေးကြ လော့။-
Galatians 6:1ညီအစ်ကိုတို့လူတစ်ဦးတစ်ယောက်သည်မကောင်း မှုတစ်စုံတစ်ရာပြုသည်ကို သင်တို့တွေ့ရှိလျှင် ဝိညာဉ်ပါရမီရှိသောသင်တို့က နူးညံ့သိမ်မွေ့ စွာထိုသူကိုပြုပြင်ပေးရမည်။ သင်တို့သည် မိမိတို့ကိုယ်တိုင်လည်း စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်သတိပြုကြလော့။-