ဟေဗြဲဩဝါဒစာ 2:4
တစ်ချိန်တည်းမှာပင်ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးအမျိုးမျိုးတို့ကို ပြတော်မူခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်သည်မိမိအလိုတော် အတိုင်း ဆုကျေးဇူးများကိုဝေငှတော်မူ ခြင်းအားဖြင့်လည်းကောင်းထပ်လောင်း သက်သေပြတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Daniel 4:35ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
John 4:48သခင်ယေရှုက ``သင်တို့သည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုမတွေ့မမြင်ရလျှင် ယုံကြည်ကြမည်မဟုတ်'' ဟုမိန့်တော်မူ၏။
Acts 2:32ထိုသခင်ယေရှုအားဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူကြောင်းကို ငါတို့အား လုံးပင်သက်သေဖြစ်ကြ၏။-
Acts 4:10နာဇရက်မြို့သားယေရှုခရစ်၏နာမတော် တန်ခိုးအားဖြင့် ထိုသူသည်ခြေစွမ်းသန်လာ ၍ ယခုသင်တို့ရှေ့တွင်ရပ်လျက်နေသည်ကို သင်တို့နှင့်အတူဣသရေလအမျိုးသား အပေါင်းတို့သိမှတ်ကြလော့။ ထိုအရှင် ကားသင်တို့လက်ဝါးကပ်တိုင်ပေါ်မှာတင် ၍သတ်ပြီးနောက် ဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောသူဖြစ်သတည်း။
Acts 19:11ဘုရားသခင်သည်ပေါလုအားဖြင့် အလွန် ထူးကဲသောနိမိတ်လက္ခဏာများကိုပြလျက် နေတော်မူ၏။-
1 Corinthians 12:4ဝိညာဉ်ဆုကျေးဇူးကားအမျိုးမျိုးရှိ၏။ သို့ သော်ထိုဆုကျေးဇူးများကိုချပေးတော် မူသောဝိညာဉ်တော်တစ်ပါးတည်းရှိ၏။-