ဟေဗြဲဩဝါဒစာ 4:3
သို့ဖြစ်၍ယုံကြည်သူငါတို့သည် ဘုရား သခင်ကတိထားတော်မူသောငြိမ်ဝပ်ရာ ချမ်းသာကိုရရှိကြပေသည်။ ``ငါသည်အမျက်ထွက်၍ကျိန်ဆိုလျက် ထိုသူတို့အား ငြိမ်ဝပ်ရာချမ်းသာရရှိရန်ပြည်တော်သို့ ဝင်ခွင့်ကို အဘယ်အခါ၌မျှပေးလိမ့်မည်မဟုတ်'' ဟုဘုရားသခင်မိန့်တော်မူခဲ့သည့်အတိုင်း ပင်ဖြစ်၏။ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍ ကိုယ်တော်သည်မိမိလုပ်ဆောင်ရန်အမှု ကိစ္စများပြီးဆုံးသွားသော်လည်းဤစကား ကိုမိန့်တော်မူပေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 1:31ဘုရားသခင်သည်ဖန်ဆင်းတော်မူခဲ့သမျှ တို့ကိုရှုမြင်၍ အလွန်နှစ်သက်တော်မူ၏။ ညဦးမှနံနက်အထိဆဋ္ဌမနေ့ရက် ဖြစ်လေ၏။
Psalms 95:11ငါသည်သူတို့အားအမျက်ထွက်သဖြင့်``သင်တို့ စိတ်အေးချမ်းသာစွာနေထိုင်ရမည့်ပြည်ကို သင်တို့သည်အဘယ်အခါ၌မျှမဝင်ရကြ'' ဟုကျိန်ဆို၏။
Jeremiah 6:16ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။
Matthew 13:35ဤသို့ဟောကြားရခြင်းမှာ၊ ``ငါသည်ပုံဥပမာဆောင်၍မိမိ၏နှုတ်ကို ဖွင့်ဟမြွက်ဆိုမည်။ လောကကိုထာဝရဘုရားဖန်ဆင်းတော်မူချိန်မှစ၍ ကွယ်ဝှက်နေခဲ့သည့်အရာများကို ငါထုတ်ဖော်ပြောဆိုမည်'' ဟူသောပရောဖက်၏ဟောချက်မှန်ကန်လာစေရန် ပင်ဖြစ်၏။
Ephesians 1:4ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သောအားဖြင့်ရှေ့တော်တွင်အပြစ် ဆိုဖွယ်မရှိဘဲ သန့်ရှင်းမြင့်မြတ်သူများ ဖြစ်နိုင်ကြစေရန်ကမ္ဘာမတည်မရှိမီ ကပင်ငါတို့ကိုဘုရားသခင်ရွေးချယ် ထားတော်မူပေသည်။ ဘုရားသခင်သည် မိမိမေတ္တာတော်ကြောင့်၊-
Hebrews 3:14ငါတို့သည်အစကကဲ့သို့အဆုံးတိုင်အောင် ခိုင်မြဲစွာယုံကြည်စိတ်ချမှုရှိကြပါလျှင် ခရစ်တော်နှင့်အတူတွဲဖက်လုပ်ဆောင်သူ များဖြစ်ကြ၏။