ဟေဗြဲဩဝါဒစာ 7:2
သို့ဖြစ်၍အာဗြဟံသည်မိမိသိမ်းယူရရှိခဲ့ သည့်ဥစ္စာပစ္စည်းများ၏ဆယ်ပုံတစ်ပုံကိုသူ့အား ပေးလှူ၏။ (မေလခိဇေဒက်ဟူသောနာမည်၏ အနက်အဋ္ဌိပ္ပါယ်မှာ``တရားမင်း'' ဟူ၍ဖြစ်၏။ သူသည်ရှာလင်မြို့၏မင်းလည်းဖြစ်သဖြင့် သူ၏နာမည်သည်``ငြိမ်းချမ်းရေးဘုရင်'' ဟု လည်းအနက်အဋ္ဌိပ္ပါယ်ရလေသည်။-)
Common Language Bible
In The King James Version
In Context
Cross References
Genesis 28:22အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။
Numbers 18:21ထာဝရဘုရားက``ဣသရေလအမျိုးသား တို့က ငါ့အားဆက်သသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို လေဝိအနွယ်ဝင်တို့အား ငါစံတော်မူရာတဲတော်ထိန်းသိမ်းခအဖြစ် ငါပေးပြီ။-
1 Samuel 8:17သူသည်သင်တို့သိုးအုပ်များ၏ဆယ်ပုံတစ် ပုံကိုသိမ်းယူလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင် လျှင်သူ၏ထံ၌ကျွန်ခံရကြလိမ့်မည်။-
2 Samuel 23:3ဣသရေလအမျိုးသားတို့၏ကွယ်ကာရာ အရှင် ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် ငါ့အားဤသို့မိန့်တော်မူ၏။ ``ဘုရားသခင်ကိုကြောက်ရွံ့ရိုသေလျက် တရားမျှတစွာအုပ်စိုးသောမင်းသည်၊
1 Chronicles 22:9သို့သော်ကိုယ်တော်သည်ငါ့အားကတိတော် ကိုပေးတော်မူ၏။ ကိုယ်တော်က`သင်သည်တိုင်း နိုင်ငံကိုငြိမ်းချမ်းစွာအုပ်စိုးမည့်သားတစ် ဦးကိုရလိမ့်မည်။ သူသည်မိမိရန်သူများ နှင့်ငြိမ်းချမ်းစွာနေနိုင်ရေးကိုငါပေးမည်။ သူသည်မိမိနန်းသက်အတွင်း ဣသရေလ အမျိုးသားတို့အားငြိမ်းချမ်းလုံခြုံစွာ ထားမည်ဖြစ်၍၊ ရှောလမုန် ဟုနာမည်တွင်လိမ့်မည်။-
Psalms 72:1အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တရားတော်နှင့်အညီ စီရင်ဆုံးဖြတ် နိုင်ရန်မင်းကြီးအားသွန်သင်တော်မူပါ။ ကိုယ်တော်ရှင်၏လူစုတော်အားတရားမျှတစွာ အုပ်ချုပ်နိုင်စေရန်လည်းကောင်း၊ ဆင်းရဲသောသူတို့ကိုတရားတော်နှင့်အညီ အုပ်စိုးနိုင်စေရန်လည်းကောင်း ကိုယ်တော်ရှင်၏တရားမျှတမှုအတိုင်း စီရင်နိုင်ခွင့်ကိုမင်းကြီးအားပေးတော် မူပါ။