ဟောရှေအနာဂတ္တိကျမ်း 13:11
ငါသည်အမျက်ထွက်၍သင်တို့အားရှင် ဘုရင်များကိုပေးခဲ့၏။ ငါသည်အမျက် ဒေါသဖြင့်ထိုရှင်ဘုရင်များကိုရုပ်သိမ်း ခဲ့ပြီ။
Common Language Bible
In The King James Version
I gave thee a king in mine anger, and took him away in my wrath.
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 13
Cross References
1 Samuel 10:19ငါသည်သင်တို့၏ဘုရား၊ ဆင်းရဲဒုက္ခများ နှင့်အခက်အခဲများမှသင်တို့ကိုကယ် တော်မူသောဘုရားဖြစ်တော်မူ၏။ သို့ရာ တွင်သင်တို့သည်ငါ့ကိုပစ်ပယ်ကာငါ၏ ထံမှဘုရင်ကိုတောင်းခံခဲ့ကြ၏။ ကောင်း ပြီ။ သင်တို့သည်ထာဝရဘုရား၏ရှေ့ တော်၌အနွယ်အလိုက်၊ သားချင်းစုအလိုက် စုရုံးကြလော့' ဟုမိန့်တော်မူသည်။''
1 Samuel 12:13``သင်တို့ရွေးချယ်သည့်ဘုရင်သည်ယခုသင် တို့ရှေ့မှောက်တွင်ရှိ၏။ သင်တို့တောင်းဆိုသည့် အတိုင်း ထာဝရဘုရားသည်သူ့ကိုဘုရင် အဖြစ်ချီးမြှောက်တော်မူလေပြီ။-
1 Samuel 15:23ကိုယ်တော်အားပုန်ကန်ခြင်းသည်စုံးအတတ် ကဲ့သို့ဆိုးရွား၍ မောက်မာထောင်လွှားခြင်း သည်လည်းရုပ်တုကိုကိုးကွယ်ခြင်းကဲ့သို့ ပင်အပြစ်ကြီး၏။ သင်သည်ထာဝရဘုရား ၏အမိန့်တော်ကိုပယ်သောကြောင့် ကိုယ်တော် သည်သင့်ကိုဘုရင်အဖြစ်မှပယ်တော်မူ ပြီ'' ဟုဆို၏။
1 Samuel 16:1ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။
1 Kings 12:15မင်းကြီးသည်ဤသို့ပြည်သူတို့အားအလေး ဂရုမပြုဘဲနေတော်မူခြင်းမှာ ပရောဖက် အဟိယအားဖြင့်ယေရောဗောင်အားကိုယ်တော် ပေးတော်မူခဲ့သည့်ကတိတော်ကို အကောင် အထည်ပေါ်စေရန်ထာဝရဘုရားအလို ရှိတော်မူသောကြောင့်ဖြစ်၏။
1 Kings 14:7ယေရောဗောင်အားဣသရေလအမျိုးသားတို့ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည် ကားဤသို့တည်း။ ကိုယ်တော်က`ငါသည်သင့် အားပြည်သူများအထဲမှရွေးချယ်၍ ငါ ၏လူမျိုးတော်ဣသရေလအမျိုးသားတို့ အားအုပ်စိုးစေခဲ့၏။-