ဟောရှေအနာဂတ္တိကျမ်း 2:1
သို့ဖြစ်၍သင်တို့သည်ဣသရေလနိုင်ငံ သားချင်းတို့အား``ဘုရားသခင်၏လူစု'' ဟူ၍လည်းကောင်း၊ ``ထာဝရဘုရားသနား ကြင်နာသူများ'' ဟူ၍လည်းကောင်းကင်ပွန်း တပ်ခေါ်ကြလော့။
Common Language Bible
In The King James Version
Say ye unto your brethren, Ammi; and to your sisters, Ru-hamah.
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 2
Cross References
Exodus 19:5သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
Jeremiah 32:38ထိုအခါသူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ ဘုရားဖြစ်လိမ့်မည်။-
Ezekiel 11:20သို့ဖြစ်၍သူတို့သည်ငါ၏ပညတ်များကို စောင့်ထိန်း၍ငါ၏အမိန့်များကိုတိကျ စွာလိုက်နာကြလိမ့်မည်။ သူတို့သည်ငါ၏ လူမျိုးတော်ဖြစ်၍ငါသည်လည်းသူတို့၏ ဘုရားဖြစ်လိမ့်မည်။-
Ezekiel 36:28ထိုအခါသင်တို့သည်မိမိတို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပြည်တွင်နေ ထိုင်ရကြလိမ့်မည်။ သင်တို့သည်ငါ၏လူ မျိုးတော်ဖြစ်၍ငါသည်လည်းသင်တို့၏ ဘုရားဖြစ်လိမ့်မည်။-
Hosea 1:9ထိုအခါထာဝရဘုရားကဟောရှေ အား``ဣသရေလပြည်သားတို့သည်ငါ ၏လူစုမဟုတ်၊ ငါသည်လည်းသူတို့၏ ဘုရားသခင်မဟုတ်သောကြောင့်ထိုသား ကို`ငါ့လူမျိုးမဟုတ်' ဟုနာမည်မှည့်လော့'' ဟုမိန့်တော်မူ၏။
Zechariah 13:9``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။