Isaiah 1:21
အခါတစ်ပါးကသစ္စာရှိခဲ့သောမြို့သည် ယခုအခါပြည့်တန်ဆာအသွင်ကိုဆောင်လျက်နေပါသည်တကား၊ အခါတစ်ပါးကထိုမြို့တွင်သူတော်ကောင်းများနေထိုင်ခဲ့သော်လည်း ယခုအခါ၌သူသတ်သမားများသာလျှင်ကျန်ရှိနေတော့၏။-
Common Language Bible
In The King James Version
In Context
Cross References
2 Chronicles 19:9မင်းကြီးကထိုသူတို့အား``သင်တို့သည်ထာဝရ ဘုရားအားကြောက်ရွံ့ရိုသေသောစိတ်နှင့် မိမိတို့ ၏တာဝန်ဝတ္တရားများကိုဆောင်ရွက်ကြရမည်။ ရိုးသားဖြောင့်မတ်ရကြမည်။ ဘက်မလိုက်ကြရ။-
Psalms 46:4ဘုရားသခင်၏မြို့တော်တည်းဟူသော အမြင့်မြတ်ဆုံးဘုရားကိန်းဝပ်တော်မူရာ ဌာနတော်ကိုသာယာရွှင်လန်းစေသော မြစ်ရှိ၏။
Psalms 48:8ကိုယ်တော်ပြုတော်မူသောအမှုအရာများကို ငါတို့ကြားဖူးကြ၏။ ယင်းသို့ကြားဖူးကြသည့်အတိုင်းအနန္တတန်ခိုးရှင် ထာဝရဘုရားတည်းဟူသောငါတို့ဘုရား၏ မြို့တော်တွင်ယခုငါတို့တွေ့မြင်ကြရလေပြီ။ ကိုယ်တော်သည်ထိုမြို့တော်ကိုကာလအစဉ်အဆက် ဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။
Isaiah 26:10ကိုယ်တော်ရှင်သည်သူယုတ်မာတို့အား သနားညှာတာတော်မူသော်လည်း၊ သူတို့သည်ဖြောင့်မှန်ရာကိုပြုကျင့်ရန် နားမလည်ကြပါ။ သူတော်ကောင်းတို့နေထိုင်ရာဤပြည်၌ပင် လျှင် သူတို့သည်မတရားသောအမှုတို့ကိုပြုလျက် ရှိကြပါ၏။ ကိုယ်တော်ရှင်၏အာနုဘော်တော်ကိုလည်း အသိအမှတ်မပြုကြပါ။
Isaiah 57:3အချင်းဆိုးညစ်၍အပြစ်ကူးသူတို့၊ တရား စီရင်ခြင်းကိုခံရန်ဤအရပ်သို့လာကြလော့။ သင်တို့သည်သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ ပြည့်တန်ဆာများ၊ စုန်းအတတ်ပညာ သည်များနှင့်အတူတူပင်ဖြစ်၏။-
Jeremiah 3:1ထာဝရဘုရားက``အကယ်၍တစ်စုံတစ် ယောက်သည် မိမိ၏ဇနီးကိုကွာရှင်းလိုက် သောအခါ ထိုအမျိုးသမီးသည်သူ၏ထံ မှထွက်ခွာ၍အခြားအမျိုးသားတစ်ဦး နှင့်အိမ်ထောင်ပြု၏။ ထိုအခါပထမခင်ပွန်း သည်မိမိ၏ဇနီးဟောင်းကိုတစ်ဖန်ပြန်၍ မသိမ်းမယူအပ်။ ပြန်၍သိမ်းယူခဲ့သော်ထို တိုင်းပြည်သည်လုံးဝညစ်ညမ်း၍သွားပေ မည်။ သို့ရာတွင်အချင်းဣသရေလ၊ သင်သည် ချစ်သူအမြောက်အမြားထားပြီးမှ ယခု ငါ့ထံသို့ပြန်၍လာလိုသည်တကား။-