Isaiah 13:8
သူတို့အားလုံးပင်ထိတ်လန့်တုန်လှုပ်လျက် သားဖွားသောအမျိုးသမီးကဲ့သို့ပြင်းပြ စွာဝေဒနာခံရကြလိမ့်မည်။ သူတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြောက်စိတ်နှင့်ကြည့်ကြလိမ့်မည်။ သူတို့ ၏မျက်နှာများသည်လည်းရှက်သွေးသန်း လျက်နေလိမ့်မည်။-
Common Language Bible
In The King James Version
In Context
7လူအပေါင်းတို့၏လက်သည်နုံ့နဲ့၍နေလိမ့် မည်။ ထိုသူတို့သည်သတ္တိကြောင်၍နေလိမ့် မည်။-
Cross References
Isaiah 26:17အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားသားဖွားသည့် အမျိုးသမီးကဲ့သို့၊ နာကျင်ခြင်းဝေဒနာနှင့်အော်ဟစ်စေတော် မူပါပြီ။
Jeremiah 30:6မေးမြန်းလျက်စဉ်းစားကြည့်ကြလော့။ အမျိုးသားသည်သားဖွား၍ရနိုင်သလော။ သို့ဖြစ်ပါမူအမျိုးသားပင်လျှင်သားဖွား ဝေဒနာ ခံရသည့်အမျိုးသမီးကဲ့သို့၊ အဘယ်ကြောင့်မိမိတို့ဝမ်းကိုလက်ဖြင့်နှိပ် လျက် နေသည်ကိုငါတွေ့ရှိရသနည်း။ လူတိုင်းသည်အဘယ်ကြောင့်ဖြူဖတ်ဖြူရော် ဖြစ်နေကြသနည်း။
Daniel 5:5ထိုအခါလူ၏လက်တစ်ဖက်သည်ရုတ် တရက်ပေါ်လာပြီးလျှင် မီးအလင်းရောင် အများဆုံးရရှိသည့်နန်းတော်နံရံတွင် စာတန်းတစ်ခုကိုရေးသားလေ၏။ ယင်း သို့ရေးသားနေသည်ကိုမင်းကြီးမြင် တော်မူလျှင်၊-
Nahum 2:10နိနေဝေမြို့သည်ပျက်စီး၍သွားလေပြီ။ လူသူမရှိ။ ဆိတ်ညံရာဖြစ်လျက်နေ၏။ လူတို့သည်အလွန်ကြောက်လန့်သဖြင့်နှလုံး ခုန်ရပ်လုနီး၊ ဒူးများတုန်လျက်အားအင်ကုန်ခန်း၍သွားကြ၏။ သူတို့၏မျက်နှာတွင်လည်းသွေးမရှိတော့။
1 Thessalonians 5:3``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-