Isaiah 13:9
သနားညှာတာမှုကင်းမဲ့သည့်ဒေါသအမျက် တော်ဒဏ်ကိုခံရကြမည့်နေရက်ကာလတည်း ဟူသော ထာဝရဘုရားတရားစီရင်တော်မူ ရာနေ့ရက်ကာလကျရောက်လာလိမ့်မည်။ ကမ္ဘာ မြေကြီးသည်လူသူဆိတ်ညံရာဖြစ်လျက် နေလိမ့်မည်။ အပြစ်ကူးလွန်သူမှန်သမျှ သည်လည်းသုတ်သင်ပယ်ရှင်းခြင်းကိုခံ ရကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Proverbs 2:22အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။
Isaiah 13:6အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
Isaiah 34:8ဤအချိန်အခါကားဇိအုန်မြို့ကိုထာဝရ ဘုရားကယ်ဆယ်တော်မူ၍ ထိုမြို့၏ရန်သူ တို့အားလက်စားချေတော်မူမည့်အခါ ပင်ဖြစ်သတည်း။
Isaiah 63:4ငါသည်မိမိ၏လူမျိုးတော်အားကယ်တင် ရန်အချိန်ကျပြီ။ သူတို့၏ရန်သူများအား အပြစ်ဒဏ်ခတ်ရန်အချိန်ရောက်ပြီဟုဆုံး ဖြတ်လိုက်၏။-
Jeremiah 6:22ထာဝရဘုရားက``မြောက်အရပ်ရှိနိုင်ငံတစ် ခုမှ လူတို့သည် ချီတက်လာကြလိမ့်မည်။ ရပ် ဝေးမှအင်အားကြီးမားသည့်လူမျိုးသည် စစ်တိုက်ရန်ပြင်ဆင်လျက်နေ၏။-
Jeremiah 51:35``ငါတို့ခံရသည့်အကြမ်းဖက်မှုများ အတွက် ဗာဗုလုန်မြို့တွင် တာဝန်ရှိစေသတည်း'' ဟုဇိအုန်မြို့သားတို့ ပြောဆိုကြစေ၏။ ``ငါတို့ခံစားရသည့်ဘေးဒုက္ခများအတွက် ဗာဗုလုန်မြို့တွင်တာဝန်ရှိစေသတည်း''ဟု ယေရုရှလင်မြို့သားတို့ပြောဆိုကြစေ။