Isaiah 16:2
သူတို့သည်အာနုန်မြစ်ကမ်းပေါ်တွင်စောင့် ဆိုင်းလျက်နေစဉ် အသိုက်ကိုစွန့်ခွာခဲ့ရသည့် ငှက်များကဲ့သို့ ခြေဦးတည့်ရာခေါက်တုံ့ ခေါက်ပြန်သွားလာလျက်နေကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 2:36ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် အာနုန်ချိုင့်ကမ်းပေါ်ရှိအာရော်မြို့နှင့်ချိုင့်လယ် ရှိမြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်မြို့ရှိသမျှကို ငါတို့အားသိမ်းပိုက်စေတော်မူ၏။ မည်သည့်မြို့ မှငါတို့ကိုမခုခံနိုင်။-
Deuteronomy 3:12``ငါတို့သည်ဤပြည်ကိုသိမ်းပိုက်စဉ်အခါ က အာနုန်မြစ်အနီးရှိ၊ အာရော်မြို့မှစ၍ ဂိလဒ်တောင်ကုန်းဒေသတစ်ဝက်နှင့် ယင်းဒေသ ရှိမြို့များကိုရုဗင်အနွယ်နှင့်ဂဒ်အနွယ်တို့ အားငါခွဲဝေပေး၏။-
Judges 11:18ထိုနောက်သူတို့သည်ဧဒုံပြည်နှင့်မောဘ ပြည်တို့ကိုပတ်၍သဲကန္တာရကိုဖြတ်ပြီး လျှင် မောဘပြည်၏အရှေ့ဘက်၊ အာနုန်မြစ် တစ်ဘက်ကမ်းသို့ရောက်ရှိလာသောအခါ ထိုအရပ်တွင်စခန်းချကြ၏။ အာနုန်မြစ် သည်မောဘပြည်၏နယ်နိမိတ်ဖြစ်သဖြင့် ထိုမြစ်ကိုသူတို့မကူးမဖြတ်ကြ။-
Isaiah 13:14မုဆိုးတို့၏ဘေးမှကစင့်ကလျားထွက်ပြေး ကြသည့်ဒရယ်များကဲ့သို့၊ ထိန်းကျောင်းသူမရှိ သည့်သိုးများကဲ့သို့ ဗာဗုလုန်ပြည်တွင်နေထိုင် သူလူမျိုးခြားတို့သည် မိမိတို့၏နေရင်း ပြည်သို့ပြန်ပြေးကြလိမ့်မည်။-