Isaiah 19:2
ထာဝရဘုရားက``ငါသည်အီဂျစ်ပြည်တွင် ပြည်တွင်းစစ်ဖြစ်စေရန်လှုံ့ဆော်၍ညီအစ်ကို အချင်းချင်း၊ အိမ်နီးချင်းအချင်းချင်းခိုက် ရန်ဖြစ်ပွားစေမည်။ ဂုဏ်ပြိုင်ဘက်မြို့များသည် လည်းကောင်း၊ ဂုဏ်ပြိုင်ဘက်မင်းတို့သည်လည်း ကောင်း၊ အချင်းချင်းတိုက်ခိုက်ကာအာဏာ လုကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Judges 7:22ဂိဒေါင်၏တပ်သားတို့တံပိုးခရာများကို မှုတ်ကြစဉ်အခါ၌ ထာဝရဘုရားသည် ရန်သူတို့အားအချင်းချင်းဋ္ဌားလက်နက် ဖြင့်တိုက်ခိုက်စေတော်မူ၏။ သူတို့သည်ဇေရ ရတ်အရပ်သို့ဦးတည်လျက်ဗက်ရှိတ္တမြို့သို့ တိုင်အောင်လည်းကောင်း၊ တဗ္ဗတ်မြို့အနီးအာ ဗေလမဟောလမြို့သို့တိုင်အောင်လည်း ကောင်းထွက်ပြေးကြလေသည်။
1 Samuel 14:16ဗင်္ယာမိန်နယ်၊ ဂိဗာမြို့ရှိရှောလု၏ကင်းသမား တို့သည် ဖိလိတ္တိအမျိုးသားတို့ကစဥ့်ကရဲ ထွက်ပြေးကြသည်ကိုမြင်ကြ၏။-
1 Kings 16:21ဣသရေလပြည်သူတို့သည် စိတ်ဝမ်းကွဲ ပြားလျက်နေကြ၏။ အချို့တို့သည်ဂိနက် ၏သားတိဗနိကိုမင်းမြှောက်လိုကြ၏။ အချို့ကမူသြမရိကိုလိုလားကြ၏။-
2 Chronicles 20:22သူတို့စ၍သီချင်းဆိုကြသောအခါ ထာဝရ ဘုရားသည်ချင်းနင်းဝင်ရောက်လာသောတပ် တို့ကိုကစဥ့်ကလျားဖြစ်စေတော်မူ၏။-
Isaiah 9:21မနာရှေသားချင်းစုနှင့်ဧဖရိမ်သားချင်း စုသည်အပြန်အလှန်တိုက်ခိုက်ကြပြီးလျှင် သူတို့နှစ်ဦးပေါင်း၍ယုဒသားချင်းစုကို တိုက်ခိုက်ကြတော့၏။ သို့နှင့်လည်းထာဝရ ဘုရားသည်အမျက်တော်မပြေဘဲအပြစ် ဒဏ်ခတ်တော်မူရန်လက်တော်ကိုချိန်ရွယ် လျက်ပင်ထားတော်မူ၏။
Ezekiel 38:21ငါ၏တောင်ပေါ်တွင်ငါသည်ဂေါဂအားဋ္ဌား အားဖြင့် ထိတ်လန့်တုန်လှုပ်စေမည်။ ဤကားငါ ထာဝရဘုရားမိန့်တော်မူသောစကားဖြစ် ၏။ သူ၏လူတို့သည်အချင်းချင်းသတ်ဖြတ် ကြလိမ့်မည်။-