Isaiah 9:21
မနာရှေသားချင်းစုနှင့်ဧဖရိမ်သားချင်း စုသည်အပြန်အလှန်တိုက်ခိုက်ကြပြီးလျှင် သူတို့နှစ်ဦးပေါင်း၍ယုဒသားချင်းစုကို တိုက်ခိုက်ကြတော့၏။ သို့နှင့်လည်းထာဝရ ဘုရားသည်အမျက်တော်မပြေဘဲအပြစ် ဒဏ်ခတ်တော်မူရန်လက်တော်ကိုချိန်ရွယ် လျက်ပင်ထားတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Judges 7:2ထာဝရဘုရားကဂိဒေါင်အား``သင်နှင့် အတူပါလာသောလူတို့သည်အရေအတွက် အားဖြင့်များလွန်းသဖြင့် သူတို့အားမိဒျန် အမျိုးသားတို့အပေါ်အောင်မြင်ခွင့်ကိုငါ မပေးလို။ အကယ်၍ပေးခဲ့သော်သူတို့သည် မိမိတို့၏စွမ်းရည်ဖြင့်အောင်ပွဲရသည်ဟု ထင်မှတ်ကာငါ့ကျေးဇူးကိုမသိဘဲနေ ကြလိမ့်မည်။-
2 Kings 15:30သြဇိ၏သား၊ ယုဒဘုရင်ယောသံ၏နန်းစံ အနှစ်နှစ်ဆယ်မြောက်၌ဧလာ၏သားဟောရှေ သည် လျှို့ဝှက်ကြံစည်ကာပေကာမင်းကိုလုပ် ကြံပြီးလျှင် သူ၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-
Isaiah 5:25ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
Isaiah 9:17သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။
Isaiah 11:13ဣသရေလပြည်သူတို့သည်၊ ယုဒပြည်သူ တို့အပေါ်တွင်ငြူစူစိတ်ရှိကြတော့မည် မဟုတ်။ ယုဒပြည်သူတို့သည်လည်းဣသရေ လပြည်သူတို့၏ရန်ဘက်ဖြစ်ကြတော့မည် မဟုတ်။-
Matthew 24:10ထိုအခါလူများစွာပင်မှောက်မှားလမ်းလွဲကြ လျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ကြလိမ့်မည်။-