Isaiah 21:13
ဤဗျာဒိတ်တော်ကားအာရပ်ပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ သစ်ပင်မပေါက်သည့်အာရပ်နယ်မြေ၌၊ ကုန် စည်လှည်းရထားများကိုစခန်းချတတ် သည့်အချင်းဒေဒန်အမျိုးသားတို့၊-
Common Language Bible
In The King James Version
In Context
Cross References
1 Kings 10:15ထို့အပြင်ကုန်သည်ကြီးများထံမှကောက်ခံရရှိ သည့်အခွန်အကောက်များ၊ ကုန်စည်ကူးသန်းရောင်း ဝယ်မှုမှထွက်ပေါ်လာသည့်အမြတ်အစွန်းများ၊ အာရပ်ဘုရင်များနှင့်နယ်မြေဘုရင်ခံများ ဆက်သသည့်အခွန်များရရှိသေး၏။
1 Chronicles 1:32အာဗြဟံ၏မယားနှောင်းနာမည်မှာကေတုရ ဖြစ်၏။ သူသည်ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဘတ်နှင့်ရှုအာဟူသောသားခြောက်ယောက် ကိုဖွားမြင်လေသည်။ ယုတ်ရှန်တွင်ရှာဘနှင့် ဒေဒန်ဟူသောသားနှစ်ယောက်ရှိ၏။-
Isaiah 13:20ထိုမြို့တွင်အဘယ်အခါ၌မျှလူတို့နေထိုင် ရကြလိမ့်မည်မဟုတ်။ အဘယ်အာရပ်အမျိုး သားခရီးသည်မျှလည်းတဲထိုးတည်းခိုရ ကြလိမ့်မည်မဟုတ်။ အဘယ်သိုးထိန်းမျှ လည်းထိုအရပ်တွင်မိမိ၏သိုးအုပ်ကိုထိန်း ကျောင်းရလိမ့်မည်မဟုတ်။-
Jeremiah 49:28ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်နေ ဗုခဒ်နေဇာမင်းနှိမ်နင်းအောင်မြင်သည့် ကေဒါ အနွယ်ဝင်နှင့်ဟာဇော်မြို့ကိုအစိုးရသူတို့ အားရည်မှတ်၍``ကေဒါအနွယ်ဝင်တို့အား သွားရောက်တိုက်ခိုက်ကြလော့။ ထိုအရှေ့နွယ် သားတို့အားဖျက်ဆီးချေမှုန်းကြလော့။-
Ezekiel 27:20ဒေဒန်မြို့သားတို့သည်သင်၏ကုန်စည် များကိုမြင်းကုန်းနှီးအခင်းများနှင့် လဲလှယ်ကြ၏။-