Isaiah 13:20
ထိုမြို့တွင်အဘယ်အခါ၌မျှလူတို့နေထိုင် ရကြလိမ့်မည်မဟုတ်။ အဘယ်အာရပ်အမျိုး သားခရီးသည်မျှလည်းတဲထိုးတည်းခိုရ ကြလိမ့်မည်မဟုတ်။ အဘယ်သိုးထိန်းမျှ လည်းထိုအရပ်တွင်မိမိ၏သိုးအုပ်ကိုထိန်း ကျောင်းရလိမ့်မည်မဟုတ်။-
Common Language Bible
In The King James Version
In Context
Cross References
2 Chronicles 17:11ဖိလိတ္တိအမျိုးသားအချို့တို့သည်ယော ရှဖတ်ထံသို့ ငွေအမြောက်အမြားနှင့် အခြားလက်ဆောင်ပဏ္ဏာများကိုယူဆောင် လာကြ၏။ အာရပ်အမျိုးသားအချို့တို့ ကလည်းသိုးအကောင်ရေခုနစ်ထောင့်ခုနစ် ရာနှင့် ဆိတ်အကောင်ရေခုနစ်ထောင့်ခုနစ်ရာ ကိုယူဆောင်လာလေသည်။-
Isaiah 14:23ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။
Isaiah 34:10ယင်းသည်နေ့ရောညဥ့်ပါမီးလောင်လျက်မီး ခိုးများထာဝစဉ်တက်၍နေလိမ့်မည်။ ထို ပြည်သည်လူမျိုးစဉ်ဆက်အဟောသိကံ ဖြစ်၍နေလိမ့်မည်။ ထိုပြည်ကိုနောင်အဘယ် အခါ၌မျှဖြတ်သန်းသွားလာသူရှိလိမ့် မည်မဟုတ်။-
Jeremiah 50:3``မြောက်အရပ်မှလူမျိုးတစ်ရပ်သည်ဗာဗုလုန် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာပြီးလျှင် ထိုမြို့ ကိုသဲကန္တာရဖြစ်စေကြလိမ့်မည်။ လူနှင့်တိရစ္ဆာန် များထွက်ပြေးကြမည်ဖြစ်၍ထိုအရပ်သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
Jeremiah 50:21``ပုန်ကန်တတ်သောပြည်သားနှင့် အပြစ်ဒဏ် သင့်သည့်ပြည်သားတို့အားတိုက်ခိုက်ကြ လော့။ သူတို့အားသတ်ဖြတ်သုတ်သင်ကြ လော့။ ငါမိန့်မှာသမျှတို့ကိုပြုကြလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
Jeremiah 50:45သို့ဖြစ်၍ဗာဗုလုန်မြို့အတွက်ငါပြုလုပ် ထားသည့်အကြံအစည်ကိုလည်ကောင်း၊ မြို့ သူမြို့သားများအတွက်ငါကြံစည်ထား သည့်အမှုအရာကိုလည်းကောင်းနားထောင် ကြလော့။ ရန်သူသည်သူတို့၏သားသမီး များကိုပင်လျှင်ဒယဥ့်တိုက်ဆွဲ၍ခေါ်ဆောင် သွားလိမ့်မည်။ တွေ့မြင်ရသူအပေါင်းတို့ သည်လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။-