Isaiah 32:10
သင်တို့သည်ယခုအခါကျေနပ်ရောင့်ရဲ လျက်ရှိနေမည်ဖြစ်သော်လည်း နောင်နှစ်ခါ ဤအချိန်၌စိတ်ပျက်ရကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့စုသိမ်းရန် စပျစ်သီးများရရှိမည်မဟုတ်သော ကြောင့်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 5:5``ငါသည်ထိုစပျစ်ဥယျာဉ်ကိုဤသို့ပြုမည်။ ယင်း၏ခြံစည်းရိုးကိုဖယ်ရှားပစ်ပြီးလျှင် အုတ်ရိုးကိုလည်းဖြိုချကာတောတိရစ္ဆာန် များအားစားသောက်နင်းချေစေမည်။-
Isaiah 16:10ယခုအခါမြေသြဇာကောင်းသည့်လယ်များ တွင် ဝမ်းမြောက်ရွှင်လန်းသူမရှိ။ စပျစ်ဥယျာဉ် များ၌ကြွေးကြော်သီဆိုသူမရှိ။ စပျစ်သီး များကိုနယ်၍စပျစ်ရည်လုပ်သူလည်းမရှိ တော့ပေ။ ပျော်ရွှင်စွာကြွေးကြော်မှုများသည် ဆိတ်သုဉ်းခဲ့လေပြီ။-
Isaiah 24:11လူတို့သည်လမ်းများပေါ်တွင်ရပ်၍စပျစ် ရည်ကိုအော်ဟစ်တောင့်တလျက်နေကြ၏။ ဝမ်းမြောက်ရွှင်လန်းမှုကားထာဝစဉ်ကွယ် ပျောက်သွားတော့၏။ ယင်းကိုပြည်တွင်းမှ နှင်ထုတ်လိုက်ကြလေပြီ။-
Jeremiah 25:10ငါသည်ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော် ကြသည့်အသံများနှင့် မင်္ဂလာဆောင်ပွဲအသံ များကိုလည်းကောင်း၊ ကျိတ်ဆုံကျောက်လှည့် သည့်အသံများကိုလည်းကောင်းဆိတ်သုဉ်း စေမည်။ ထို့ပြင်မီးခွက်များကိုလည်းငါ ငြိမ်းသတ်မည်။-
Hosea 3:4ထိုနည်းအတိုင်းဣသရေလပြည်သားတို့ သည်ဘုရင်မရှိ၊ ခေါင်းဆောင်မရှိ၊ ယဇ်ပူဇော် ခြင်းမရှိ၊ ကိုးကွယ်ရာကျောက်တိုင်များမရှိ၊ ရုပ်တုများမရှိဘဲလျက်ကြာမြင့်စွာနေ ထိုင်ရလိမ့်မည်။-
Joel 1:12စပျစ်နွယ်ပင်များနှင့်သဖန်းပင်တို့သည်ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။ သီးပင်မှန်သမျှတို့သည်ညှိုးနွမ်း၍သေကြလေကုန်ပြီ။ လူတို့မှာလည်းပျော်ရွှင်မှုမရှိတော့ပေ။