The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 25 › ယေရမိအနာဂတ္တိကျမ်း 25:10

ယေရမိအနာဂတ္တိကျမ်း 25:10

ငါ​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော် ကြ​သည့်​အ​သံ​များ​နှင့် မင်္ဂ​လာ​ဆောင်​ပွဲ​အ​သံ များ​ကို​လည်း​ကောင်း၊ ကျိတ်​ဆုံ​ကျောက်​လှည့် သည့်​အ​သံ​များ​ကို​လည်း​ကောင်း​ဆိတ်​သုဉ်း စေ​မည်။ ထို့​ပြင်​မီး​ခွက်​များ​ကို​လည်း​ငါ ငြိမ်း​သတ်​မည်။-

Common Language Bible

In The King James Version

Moreover I will take from them the voice of mirth, and the voice of gladness, the voice of the bridegroom, and the voice of the bride, the sound of the millstones, and the light of the candle.

In Context

9`ငါ​သည်​မြောက်​အ​ရပ်​မှ​လူ​မျိုး​များ​နှင့်​ငါ ၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ဆင့်​ခေါ်​ကာ ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း တို့​နှင့်​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ​ပြည်​သူ​များ မှ​လူ​မျိုး​အ​ပေါင်း​တို့​အား​တိုက်​ခိုက်​စေ​မည်။ ငါ​သည်​ယင်း​တို့​ကို​အ​ကြွင်း​မဲ့​ဖျက်​ဆီး​၍ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​စေ​သ​ဖြင့်​ရှု​မြင် ရ​သူ​တို့​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-

11ဤ​ပြည်​တစ်​ခု​လုံး​သည်​ယို​ယွင်း​ပျက်​စီး​လျက် ကျန်​ရစ်​ကာ ရှု​မြင်​ရ​သူ​တို့​ထိတ်​လန့်​ဖွယ်​ရာ ဖြစ်​လိမ့်​မည်။ ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သည်​လည်း အ​နှစ်​ခု​နစ်​ဆယ်​တိုင်​တိုင်​ဗာ ဗု​လုန်​ဘုရင်​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့်​မည်။-

Read all of ယေရမိအနာဂတ္တိကျမ်း 25

Cross References

Esther 3:13စာ​ပို့​လု​လင်​တို့​သည်​ထို​အ​မိန့်​တော်​ကို အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​ပြည်​နယ် ရှိ​သ​မျှ​သို့​ယူ​ဆောင်​သွား​ကြ​၏။ ထို​အ​မိန့် တော်​တွင်``အာ​ဒါ​လ၊ ဆယ့်​သုံး​ရက်​နေ့​တစ်​နေ့ တည်း​၌​ယု​ဒ​အ​မျိုး​သား​လူ​ကြီး​လူ​ငယ် ယောကျာ်း​မိန်း​မ​ရှိ​သ​မျှ​ကို​မ​သ​နား၊ မ ညှာ​တာ​ဘဲ​သတ်​ဖြတ်​ကာ​သူ​တို့​၏​ဥစ္စာ ပစ္စည်း​များ​ကို​လု​ယူ​စေ'' ဟု​ပါ​ရှိ​၏။-

Esther 8:11ထို​အ​မိန့်​စာ​များ​တွင်​မင်း​ကြီး​သည်​ယု​ဒ အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏​အ​သက် ဘေး​ကို​ကာ​ကွယ်​ရန်​အ​တွက်​စု​ရုံး​ခွင့်​ပြု တော်​မူ​ကြောင်း​ပါ​ရှိ​လေ​သည်။ မည်​သည့် ပြည်​နယ်​၌​မ​ဆို​ယု​ဒ​ယောကျာ်း​နှင့်​ဇ​နီး သား​သ​မီး​များ​ကို​လက်​နက်​စွဲ​ကိုင်​တိုက် ခိုက်​လာ​သော​အ​ဘယ်​လူ​မျိုး​ကို​မ​ဆို ပြန်​လည်​တိုက်​ခိုက်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​အား​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​လျှင်​သူ​တို့​၏​ပစ္စည်း​များ​ကို​လု​ယူ နိုင်​လေ​သည်။-

Isaiah 24:7စ​ပျစ်​ပင်​တို့​သည်​ညှိုး​နွမ်း​သ​ဖြင့်​စ​ပျစ် ရည်​ရှား​ပါး​၍​လာ​လေ​သည်။ အ​ခါ​တစ်​ပါး က​ကြည်​လင်​ရွှင်​လန်း​လျက်​ရှိ​ကြ​သူ​လူ အ​ပေါင်း​တို့​သည် ယ​ခု​အ​ခါ​စိတ်​ညှိုး ငယ်​လျက်​နေ​ကြ​၏။-

Jeremiah 16:9ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​စ​ကား​ကို​နား​ထောင်​လော့။ ငါ​သည်​သူ တို့​၏​ဝမ်း​မြောက်​ရွှင်​လန်း​သံ​များ​နှင့်​မင်္ဂ​လာ ပွဲ​များ​၏​ပျော်​ရွှင်​သံ​များ​ကို ဤ​အ​ရပ်​တွင် ဆိတ်​သုဉ်း​စေ​မည်။ ဤ​အ​မှု​အ​ရာ​များ​ဖြစ် ပျက်​သည်​ကို​ဤ​အ​ရပ်​ရှိ​လူ​တို့​တွေ့​မြင် ရ​ကြ​လိမ့်​မည်။''

Ezekiel 26:13သင်​၏​သီ​ချင်း​သံ​များ၊ စောင်း​သံ​များ​ကို ငါ​ရပ်​စဲ​စေ​မည်။-

Revelation 18:22သင်​၏​ထံ​တွင်​စောင်း​သံ၊ သီ​ချင်း​သံ၊ ပလွေ​သံ၊ တံ​ပိုး ခ​ရာ​သံ​တို့​ကို​နောက်​တစ်​ဖန်​ကြား​ရ​တော့​မည် မ​ဟုတ်။ အ​ဘယ်​အ​လုပ်​သ​မား​မျှ​သင့်​ထံ​တွင် တွေ့​ရ​တော့​မည်​မ​ဟုတ်။ ကြိတ်​ဆုံ​သံ​ကို​လည်း ကြား​ရ​တော့​မည်​မ​ဟုတ်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 25:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 25:9ယေရမိအနာဂတ္တိကျမ်း 25ယေရမိအနာဂတ္တိကျမ်း 25:11 →