Isaiah 35:7
ခြစ်ခြစ်တောက်ပူလောင်လျက်ရှိသည့်သဲများသည် ရေအိုင်ဖြစ်၍၊ ခြောက်သွေ့သောမြေသည်လည်းစမ်းရေတွင်းများ ပြည့်နှက်၍နေလိမ့်မည်။ ခွေးအများကျက်စားလေ့ရှိသည့်အရပ်တွင် ကိုင်းပင်ကူပင်များပေါက်လာလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 107:35ကိုယ်တော်သည်သဲကန္တာရများကိုရေအိုင်များ အဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သည့်ဒေသများကိုစမ်းရေပေါက် အဖြစ်သို့လည်းကောင်းပြောင်းလဲစေတော်မူ၏။
Isaiah 19:6မြစ်ဝကျွန်းပေါ်ဒေသရှိချောင်းမြောင်းများ သည်လည်း တဖြည်းဖြည်းခန်းခြောက်ကာပုပ် စော်နံ၍လာလိမ့်မည်။ ကူပင်ကိုင်းပင်များ သည်ခြောက်သွေ့သွားကြလိမ့်မည်။-
Isaiah 34:13နန်းတော်အဆောက်အဦများနှင့်တံတိုင်း ကာရံထားသည့်မြို့အပေါင်းတို့တွင် ဆူး ပင်အမျိုးမျိုးပေါက်လျက် ခွေးအများနှင့် ဇီးကွက်များခိုအောင်းရာဖြစ်လိမ့်မည်။-
Isaiah 44:3``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
Hosea 1:10ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-
Luke 13:29လူတို့သည်အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာမှလာကြပြီးလျှင် ဘုရားသခင် ၏နိုင်ငံတော်ပွဲတွင်ဝင်ကြလိမ့်မည်။-