Isaiah 39:6
အရှင့်နန်းတော်တွင်ရှိသမျှသောအရာတို့ ကိုလည်းကောင်း၊ ယနေ့တိုင်အောင်အရှင့်ဘိုး ဘေးတို့စုဆောင်းထားရှိခဲ့သည့်ပစ္စည်းဥစ္စာ မှန်သမျှကိုလည်းကောင်း ဗာဗုလုန်ပြည်သို့ ဆောင်ယူသွားရာနေ့ရက်ကာလရောက်ရှိ လာလိမ့်မည်။ အဘယ်အရာတစ်စုံတစ်ခု မျှကျန်ရစ်လိမ့်မည်မဟုတ်။-
Common Language Bible
In The King James Version
In Context
Cross References
2 Kings 24:13ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာရှိသမျှကို ဗာဗုလုန်ပြည်သို့သိမ်းယူသွားတော်မူ၏။ ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း နေဗုခဒ်နေဇာသည် ဗိမာန်တော်တွင်သုံးရန် ရှောလမုန်မင်းပြုလုပ်ထားသည့်ရွှေတန်ဆာ ရှိသမျှကိုချွတ်ယူလေသည်။-
2 Chronicles 36:10နွေဦးပေါက်သောအခါနေဗုခဒ်နေဇာမင်း သည်ယေခေါနိကိုဖမ်းဆီးပြီးလျှင်ဗာဗု လုန်ပြည်သို့ခေါ်ဆောင်သွား၏။ နန်းတော်ဘဏ္ဍာ များကိုလည်းသိမ်းယူသွားလေသည်။ ထို နောက်နေဗုခဒ်နေဇာသည်ယေခေါနိ၏ ဘထွေးတော် ဇေဒကိကိုယုဒဘုရင်အဖြစ်ဖြင့်ယေရု ရှလင်မြို့တွင်နန်းတင်တော်မူ၏။
Jeremiah 20:5ငါသည်ရန်သူတို့အားဤမြို့၏စည်းစိမ်ချမ်း သာမှန်သမျှကိုတိုက်ခိုက်လုယူစေမည်။ ဤ မြို့၏လက်ရှိဥစ္စာများနှင့်ပစ္စည်းပစ္စယမှန် သမျှနှင့် ယုဒဘုရင်များ၏ဘဏ္ဍာတော်တို့ ကိုဗာဗုလုန်ပြည်သို့သိမ်းယူသွားစေမည်။-
Jeremiah 52:17ဗာဗုလုန်အမျိုးသားတို့သည်ဗိမာန်တော် ထဲရှိကြေးဝါတိုင်ကြီးများ၊ ကြေးဝါအောက် ခံခုံများနှင့်ကြေးဝါရေကန်ကြီးကိုအစိတ် စိတ်အမြွှာမြွှာချိုးဖဲ့ပြီးလျှင် ကြေးဝါမှန် သမျှကိုဗာဗုလုန်ပြည်သို့ယူဆောင်သွား ကြ၏။-
Daniel 1:2ထာဝရဘုရားသည်နေဗုခဒ်နေဇာအား ယောယကိမ်မင်းကိုဖမ်းဆီးခွင့်နှင့်ဗိမာန်တော်ဘဏ္ဍာအချို့ကိုသိမ်းယူခွင့်ပေးတော်မူ၏။ နေဗုခဒ်နေဇာသည်သုံ့ပန်းများကိုဗာဗုလုန်ပြည်ရှိ မိမိ၏ဘုရားဝတ်ကျောင်းသို့ခေါ်ဆောင်သွားပြီးလျှင် ဖမ်းဆီးသိမ်းယူခဲ့သည့်ဘဏ္ဍာများကိုဝတ်ကျောင်းဘဏ္ဍာတိုက်တွင်ထားတော်မူ၏။