Isaiah 46:3
``အို ယာကုပ်သားမြေးတို့၊ငါ၏ဣသရေလ လူမျိုးတော်အနက်မှ ကြွင်းကျန်နေသူတို့၊ငါပြောသည်ကို နားထောင်ကြလော့။ သင်တို့သန္ဓေတည်၍မွေးဖွားချိန်မှအစပြု၍ ငါသည်သင်တို့အားကြည့်ရှုစောင့်ရှောက်ခဲ့ ပေသည်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 22:9ကျွန်တော်မျိုးအားဘေးဥပဒ်ကင်းရှင်းစွာ အမိဝမ်းမှမွေးဖွားစေတော်မူသောအရှင် ကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။ နို့စို့သူငယ်ဖြစ်စဉ်အခါကလည်း ကျွန်တော်မျိုးအားကိုယ်တော်ရှင်သည် ဘေးမဲ့လုံခြုံစွာထားတော်မူခဲ့ပါ၏။
Psalms 81:8ငါ၏လူစုတော်တို့၊ငါသတိပေးသည်ကို နားထောင်စေချင်စမ်းပါဘိ။ ဣသရေလအမျိုးသားတို့၊သင်တို့သည်ငါ့ စကားကို နားထောင်ကြလော့။
Isaiah 10:20အသက်မသေဘဲကျန်ရှိနေကြသည့်ဣသ ရေလပြည်သူတို့သည် မိမိတို့အားလုံးနည်း ပါးသုတ်သင်ဖျက်ဆီးခဲ့သည့်လူမျိုးကို အား မကိုးတော့မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်ထာဝရဘုရားကိုအမှန်တကယ် ယုံကြည်ကိုးစားကြလိမ့်မည်။-
Isaiah 11:11ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
Isaiah 44:1ထာဝရဘုရားက ``ငါ၏အစေခံဣသရေလအမျိုးသားတို့၊ ငါရွေးချယ်ထားသောလူမျိုးတော်၊ ယာကုပ်၏ သားမြေးတို့၊ယခုနားထောင်ကြလော့။