Isaiah 48:8
သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊ သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍ သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။ ထို့ကြောင့်ဤအမှုအရာများအကြောင်းကို သင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။ ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 9:24သင်တို့သည်ငါစတင်သိကျွမ်းသည့်အချိန်မှ စ၍ ယနေ့အထိထာဝရဘုရားကိုပုန်ကန် ခဲ့ကြ၏။''
Deuteronomy 31:18သူတို့သည်အခြားသောဘုရားများကိုး ကွယ်၍ဒုစရိုက်ကိုပြုကြသောကြောင့် ငါ သည်သူတို့အားကယ်မည်မဟုတ်။-
Psalms 51:5ကျွန်တော်မျိုးသည်မွေးဖွားချိန်မှစ၍ ဆိုးညစ်ခဲ့ပါ၏။ မွေးဖွားကတည်းကအပြစ်ရှိပါ၏။
Psalms 139:1အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား စစ်ဆေးကြည့်ရှုတော်မူပြီးဖြစ်၍ကျွန်တော် မျိုး၏ အကြောင်းကိုသိတော်မူပါ၏။
Isaiah 21:2ရက်စက်ကြမ်းကြုတ်မှုများ၊ သစ္စာဖောက်မှု နှင့်သုတ်သင်ဖျက်ဆီးမှုတို့ကိုဗျာဒိတ် ရူပါရုံတွင်ငါမြင်ရပြီ။ အို ဧလံတပ်မတော်သားတို့၊ တိုက်ခိုက်ကြ လော့။ အို မေဒိတပ်မတော်သားတို့၊ မြို့များ ကိုဝိုင်းရံထားကြလော့။ ဘုရားသခင်သည် ဗာဗုလုန်မြို့သားတို့ပေးသည့်ဆင်းရဲဒုက္ခ ကိုချုပ်ငြိမ်းစေတော်မူလိမ့်မည်။
Isaiah 29:10ထာဝရဘုရားသည်သင်တို့အားအလွယ် တကူအိပ်မောကျ၍သွားစေတော်မူလိမ့် မည်။ ပရောဖက်များသည်လူတို့၏မျက်စိ များဖြစ်သင့်သော်လည်းဘုရားသခင်သည် သူတို့၏မျက်စိများကိုဖုံးပိတ်၍ထား တော်မူ၏။-