Isaiah 49:18
သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက် လျက် ရှိသည်ကိုလှည့်၍ကြည့်ပါလော့။ သင်၏အမျိုးသားတို့သည်စုရုံးလျက် မိမိတို့ပြည်သို့ပြန်လာနေကြ၏။ ငါသည်အသက်ရှင်တော်မူသည့်ဘုရား ဖြစ်တော်မူသည်နှင့်အညီ၊ သင်သည်ကျောက်မျက်ရတနာများကို ဝတ်ဆင်ထားသည့် မင်္ဂလာဆောင်သတို့သမီးကဲ့သို့မိမိ၏ အမျိုးသားများအတွက်ဂုဏ်ယူဝါကြွား ရလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 13:14လောတနှင့်အာဗြံတို့ခွဲခွာသွားကြပြီးနောက် ထာဝရဘုရားကအာဗြံအား``သင်ရှိရာမှအရပ်လေးမျက်နှာသို့ကြည့်ရှုလော့။-
Proverbs 17:6မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ် ၏။ သားတို့၏ဘုန်းကား အဘတည်း။
Isaiah 45:23ငါ၏နှုတ်ထွက်စကားသည်အမှန်ဖြစ်သဖြင့် ပြောင်းလဲ၍သွားလိမ့်မည်မဟုတ်။ လူအပေါင်းတို့သည်လာ၍ငါ၏ရှေ့၌ ဒူးထောက်ကာ၊ ကျေးဇူးသစ္စာတော်ကိုခံယူပါမည်ဟုကျိန်ဆို ကတိပြုကြလိမ့်မည်။
Isaiah 49:22ထာဝရအရှင်ဘုရားသခင်ကမိမိ၏ လူမျိုးတော်အား ``ငါသည်လူမျိုးတကာတို့အားအချက် ပေးလိုက်သောအခါ၊ သူတို့သည်သင်တို့၏သားသမီးများကို ခေါ်ဆောင်လာကြလိမ့်မည်။
Isaiah 54:1အို ယေရုရှလင်မြို့၊သင်သည်သားသမီးမရ သည့် အမျိုးသမီးနှင့်တူ၍နေခဲ့၏။ သို့ရာတွင်ယခုအခါ၌ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆို၍ကြွေးကြော်နိုင်လေပြီ။ ယခုသင်သည်ခင်ပွန်းဖြစ်သူ၏စွန့်ပစ်မှုကို အဘယ်အခါ၌မျှမခံရဘူးသည့် အမျိုးသမီးထက်ပင်ပို၍သားသမီးများကို ရရှိပေလိမ့်မည်။
Isaiah 54:9``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။