The Bible Software
bible.software › Isaiah › Isaiah 49 › Isaiah 49:9

Isaiah 49:9

အ​ကျဉ်း​ကျ​လျက်​နေ​သူ​တို့​အား`လွတ်​လပ်​စွာ ထွက်​ခွာ​သွား​ကြ​လော့' ဟူ​၍​လည်း​ကောင်း၊ မှောင်​မိုက်​တွင်​ရှိ​နေ​သူ​တို့​အား`အ​လင်း​သို့ ဝင်​ကြ​လော့' ဟူ​၍​လည်း​ကောင်း​ငါပြော​မည်။ သူ​တို့​သည်​တောင်​ကုန်း​များ​ပေါ်​တွင်​ပင် ကျက်​စား​လျက်​နေ​သော သိုး​များ​နှင့်​တူ​လိမ့်​မည်။

Common Language Bible

In The King James Version

That thou mayest say to the prisoners, Go forth; to them that are in darkness, Shew yourselves. They shall feed in the ways, and their pastures shall be in all high places.

In Context

8ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ``သင်​တို့​ကို​ကယ်​ရန်​အ​ချိန်​ကျ​သော​အ​ခါ၊ ငါ​သည်​သင်​တို့​အား​အ​ခွင့်​အ​ရေး​ပေး​၍၊ ကူ​မ​တော်​မူ​ရန်​သင်​တို့​ဟစ်​အော်​သံ​ကို နား​ညောင်း​မည်။ ငါ​သည်​သင်​တို့​အား​ထိန်း​သိမ်း​ကွယ်​ကာ စောင့်​ရှောက်​မည်။ သင်​တို့​အား​ဖြင့်​လူ​အ​ပေါင်း​တို့​နှင့်​လည်း ပ​ဋိ​ညာဉ်​ဖွဲ့​မည်။ ယ​ခု​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သည့်​သင်​တို့ ၏​ပြည်​တွင်၊ တစ်​ဖန်​အ​တည်​တ​ကျ​ပြန်​လည်​နေ​ထိုင်​ခွင့်​ကို သင်​တို့​အား​ငါ​ပေး​မည်။

10သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​စာ​ရေ​စာ ငတ်​မွတ် ရ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​မိ​မိ​တို့​အား​ချစ်​မြတ်​နိုး​တော် မူ​သော အ​ရှင်​၏​လမ်း​ပြ​ပို့​ဆောင်​မှု​ကို​ခံ​ယူ​၍၊ နေ​နှင့်​သဲ​ကန္တာ​ရ​အ​ပူ​ရှိန်​ကြောင့်​ဘေး အန္တ​ရာယ် ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ရှင်​သည်​သူ​တို့​အား​စမ်း​ရေ​တွင်း​များ ရှိ​ရာ​သို့ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။

Read all of Isaiah 49

Cross References

Leviticus 25:54သူ​သည်​နည်း​တစ်​နည်း​နည်း​ဖြင့် ကျွန်​ဘ​ဝ​မှ မ​လွတ်​မြောက်​ခဲ့​လျှင် ရှေ့​လာ​မည့်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​၌ သူ​နှင့်​သူ​၏​သား​သ​မီး တို့​လွတ်​မြောက်​ခွင့်​ရ​ရှိ​စေ​ရ​မည်။-

Psalms 22:26ဆင်း​ရဲ​သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ကောင်း​စား​ကြ​ပါ​စေ သော။

Psalms 69:33ထာ​ဝ​ရ​ဘု​ရား​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။ အ​ကျဉ်း​ခံ​နေ​ရ​သော​မိ​မိ​၏​လူ​စု​တော် အား မေ့​လျော့​တော်​မ​မူ​ပါ။

Psalms 107:10အ​ချို့​သော​သူ​တို့​သည်​မှောင်​မိုက်​အ​တိ​ဖုံး​လွှမ်း​ရာ အ​ရပ်​၌​နေ​ထိုင်​ရ​လျက်​သံ​ကြိုး​ဖြင့် ချည်​နှောင်​ခြင်း​ခံ​ရ​လျက်​ဒုက္ခ​ခံ​ရ​ကြ​၏။

Isaiah 5:17ပျက်​စီး​ယို​ယွင်း​နေ​သော​မြို့​များ​တွင်​သိုး​ငယ် တို့​သည်​မြက်​များ​ကို​စား​လျက်၊ ဆိတ်​ငယ်​တို့ သည်​လည်း​စား​ကျက်​များ​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။

Isaiah 41:18ငါ​သည်​တောင်​က​တုံး​များ​၌​မြစ်​များ​ဖြစ်​ပေါ်​စေ​၍၊ ချိုင့်​ဝှမ်း​များ​နှင့်​စမ်း​ရေ​များ​ပေါက်​စေ​မည်။ ငါ​သည်​သဲ​ကန္တာ​ရ​ကို​ရေ​ကန်​များ အ​ဖြစ်​သို့​လည်း​ကောင်း၊ ခြောက်​သွေ့​သော​မြေ​ယာ​များ​ကို​စမ်း​ရေ​တွင်း များ အ​ဖြစ်​သို့​လည်း​ကောင်း​ပြောင်း​လဲ​စေ​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 49:9

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 49:8Isaiah 49Isaiah 49:10 →