Isaiah 52:6
သို့ရာတွင်ငါသည်ဘုရားသခင်ဖြစ်တော်မူ ကြောင်း၊ ငါ၏လူတို့သည်ငါ၏နာမတော်ကို သိ၍ သင်တို့အားဗျာဒိတ်ပေးတော်မူခဲ့သူ မှာ ငါဖြစ်ကြောင်းနောင်အခါ၌သင်တို့သိ မှတ်လာကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 3:13ထိုအခါမောရှေက``အကျွန်ုပ်သည်ဣသ ရေလအမျိုးသားတို့ထံသို့သွား၍၊ သူတို့ အား`သင်တို့ဘိုးဘေးတို့၏ဘုရားသခင် သည် ငါ့အားသင်တို့ထံသို့စေလွှတ်လိုက်သည်' ဟုပြောလျှင်သူတို့က`ထိုဘုရား၏နာမ တော်ကားမည်သို့ခေါ်ပါသနည်း' ဟုမေး သည်ရှိသော်အကျွန်ုပ်ကမည်သို့ဖြေကြား ရပါမည်နည်း'' ဟုမေးလျှောက်လေ၏။
Exodus 34:5ထာဝရဘုရားသည်မိုးတိမ်တိုက်ဖြင့်ကြွ ဆင်းလာ၍၊ မောရှေအနီးတွင်ရပ်လျက် ထာဝရဘုရားဟူသောနာမတော်ကို ထုတ်ဖော်မြွက်ကြားတော်မူ၏။-
Psalms 48:10နေရာတကာတွင်လူအပေါင်းတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။ ကိုယ်တော်ရှင်၏ဂုဏ်သတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ပျံ့နှံ့နေပါ၏။ ကိုယ်တော်ရှင်သည်တရားမျှတစွာ အုပ်စိုးတော်မူပါ၏။
Isaiah 42:9ငါကြိုတင်ဟောကြားခဲ့သည့်အမှုအရာများ သည် ယခုဖြစ်ပျက်လာလေပြီ။ ယခုတစ်ဖန်ငါသည်သင့်အားဆန်းသစ်သည့် အမှုအရာများကို ယင်းတို့အစပြု၍မပေါ်ပေါက်မီပင်ဖော်ပြ ပါအံ့။''
Isaiah 60:16မိခင်သည်သားငယ်ကိုနို့ချိုတိုက်ကျွေးသကဲ့သို့၊ လူမျိုးတကာတို့၏ဘုရင်များသည် သင့်ကိုကြည့်ရှုပြုစုကြလိမ့်မည်။ ငါထာဝရဘုရားသည်သင့်ကိုကယ်တင်တော် မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင့်အားကျွန်ဘဝမှလွတ်မြောက်စေတော်မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်သည်သိရှိရလိမ့်မည်။
Ezekiel 20:44အို ဣသရေလအမျိုးသားတို့၊ ငါသည်ငါ ၏နာမတော်ကိုထောက်၍ မိမိ၏အသရေ ကိုကာကွယ်ရန်သင်တို့၏ယုတ်မာဆိုးညစ် ဖောက်ပြန်သောအကျင့်များအလျောက် သင် တို့ကိုမစီရင်သောအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကား အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။