Isaiah 52:5
ထာဝရဘုရားကယခုအခါဗာဗုလုန်ပြည် တွင်လည်း ဤအတိုင်းပင်ဖြစ်ပြန်လေပြီ။ သင် တို့သည်ထိုပြည်တွင်အကြောင်းမဲ့သုံ့ပန်းများ ဖြစ်လျက်နေကြရ၏။ သင်တို့ကိုအုပ်စိုးသူ များသည်ပြောင်လှောင်ကာ ငါ့နာမတော်ကို အစဉ်ပင်မထီမဲ့မြင်ပြုကြ၏ဟုမိန့်တော် မူသည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 1:13ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ကျွန်အဖြစ်အတင်းအကြပ်စေခိုင်း၍ညှဉ်းဆဲကြ၏။
Exodus 3:7ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
Psalms 44:12ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အဖိုးအနည်းငယ်ဖြင့်ရောင်းချတော်မူပါ၏။ မည်သည့်အမြတ်အစွန်းမျှလည်းရရှိတော်မမူပါ။
Psalms 74:10အို ဘုရားသခင်၊ ရန်သူများသည်အဘယ်ကာလတိုင်အောင် ကိုယ်တော်ရှင်အားပြောင်လှောင်လျက် နေကြပါမည်နည်း။ သူတို့သည်ကိုယ်တော်ရှင်၏နာမတော်ကို အစဉ်အမြဲ စော်ကားကြပါမည်လော။
Psalms 74:22အို ဘုရားသခင်၊ ထတော်မူ၍ကိုယ်တော်ရှင်၏အာဏာကို တည်စေတော်မူပါ။ ဘုရားမဲ့သူတို့သည်ကိုယ်တော်ရှင်အားတစ်နေ့လုံး ပြက်ရယ်ပြုကြသည်ကိုသတိရတော်မူပါ။
Isaiah 22:16``သင်သည်မိမိကိုယ်ကိုအဘယ်သူဟုထင် မှတ်ပါသနည်း။ ကျောက်တောင်နံရံတွင် မိမိ တို့အတွက်သင်္ချိုင်းဂူကိုထွင်းထုလုပ်ပိုင်ခွင့် သင့်မှာရှိပါသလော။-