Isaiah 59:2
ကိုယ်တော်ကြားတော်မမူခြင်းမှာသင်တို့ အပြစ်များကြောင့်ဖြစ်သည်။ သင်တို့အား ကိုယ်တော်နှင့်ကင်းကွာစေသည့်အရာမှာ လည်းသင်တို့အပြစ်များပင်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 32:19``ထာဝရဘုရားသည်ထိုအမှုအရာကို မြင်သောအခါအမျက်တော်ထွက်၍၊ မိမိ၏သားသမီးတို့ကိုစွန့်ပယ်တော်မူ၏။
1 Samuel 4:3မသေဘဲကျန်ရှိနေသောတပ်သားတို့သည် တပ်စခန်းသို့ပြန်လည်ရောက်ရှိလာသောအခါ ဣသရေလခေါင်းဆောင်များက``ထာဝရ ဘုရားသည်အဘယ်ကြောင့်ငါတို့အားဖိလိတ္တိ အမျိုးသားတို့လက်တွင် ယနေ့အရေးရှုံးနိမ့် စေတော်မူပါသနည်း။ ငါတို့သည်သွား၍ ရှိလောမြို့မှထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုယူဆောင်လာကြကုန်အံ့။ သို့ မှသာလျှင်ကိုယ်တော်သည်ငါတို့နှင့်အတူ ချီတက်တော်မူ၍ ငါတို့အားရန်သူတို့လက် မှကယ်တင်တော်မူလိမ့်မည်'' ဟုဆိုကြ၏။-
Isaiah 1:15``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
Isaiah 57:17ငါသည်သူတို့၏အပြစ်များနှင့်လောဘ လွန်ကူးမှုများအတွက်အမျက်ထွက်သဖြင့် သူတို့အားအပြစ်ဒဏ်ခတ်၍သူတို့ထံမှ လွှဲရှောင်ခဲ့၏။ သို့သော်လည်းသူတို့သည်ခေါင်း မာလျက် မိမိတို့ပြုလိုရာပင်ပြုကျင့်လျက် နေကြ၏။
Jeremiah 5:25သင်တို့၏အမှားများနှင့်အပြစ်ဒုစရိုက်က ကောင်းချီးမင်္ဂလာများကိုတားဆီးလျက်သင်တို့ထံမှလွှဲရှောင်သွားစေလေပြီ။
Ezekiel 39:24ငါသည်သူတို့အားမိမိတို့၏ဆိုးညစ် ယုတ်မာမှုများနှင့်ထိုက်လျောက်သည့် အတိုင်းစီရင်တော်မူပြီးလျှင်ကျော ခိုင်းနေတော်မူ၏'' ဟုမိန့်တော်မူ၏။