Isaiah 59:3
သင်တို့သည်လိမ်လည်ကောက်ကျစ်စွာပြော ဆိုမှု၊ သင်တို့၏လက်များနှင့်လက်ချောင်း များသည် သွေးများပေကျံမှု၊ လူသတ်မှု တို့အတွက်အပြစ်ရှိကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 1:15``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
Jeremiah 2:30``ငါသည်သင်တို့ကိုဆုံးမပါသော်လည်း အကျိုးမရှိ။ သင်တို့သည်ပဲ့ပြင်သွန်သင်မှုကို လက်မခံလိုကြ။ အမျက်ပြင်းစွာထွက်သည့် ခြင်္သေ့သဖွယ် သင်တို့သည်မိမိတို့ပရောဖက် များကိုသတ်ဖြတ်ကြလေပြီ။-
Jeremiah 7:8``ကြည့်လော့။ သင်တို့သည်လိမ်လည်လှည့် ဖြား၍တန်ဖိုးမရှိသောစကားများကို ယုံကြည်အားကိုးကြ၏။-
Jeremiah 9:3သူတို့သည်လိမ်လည်ပြောဆိုရန်လေးမှ လွှတ်သော မြားကဲ့သို့အဘယ်အခါ၌မျှနှုတ်မလေးကြ။ တိုင်းပြည်တွင်သစ္စာတရားအုပ်စိုးမည့်အစား မုသားစကားအုပ်စိုးလျက်နေ၏။ ထာဝရဘုရားက၊ ``ငါ၏လူမျိုးတော်သည်ဒုစရိုက်တစ်ခုပြီး တစ်ခု ကူးလွန်လျက် ငါ့ကိုသူတို့၏ဘုရားအဖြစ်လက်မခံကြ'' ဟုမိန့်တော်မူ၏။
Jeremiah 22:17``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။''
Ezekiel 9:9ဘုရားသခင်က``ဣသရေလနှင့်ယုဒပြည် သူပြည်သားတို့၏အပြစ်များသည်အကယ် ပင်ကြီးလေး၏။ သူတို့သည်ပြည်တွင်းနေရာ တကာတွင်လူသတ်မှုများ၊ ပြစ်မှုများဖြင့် ပြည့်နှက်စေကြလျက်`ထာဝရဘုရားသည် ငါတို့ပြည်ကိုစွန့်တော်မူလေပြီ။ ထာဝရ ဘုရားသည်ငါတို့ကိုမြင်တော်မမူ' ဟု ဆိုကြ၏။-