Isaiah 59:7
သင်တို့သည်မကောင်းမှုတစ်ခုခုကိုထာဝ စဉ်ကြံစည်လျက် အပြစ်ကိုမဆိုင်းမတွ ပြုကျင့်တတ်ကြ၏။ အပြစ်မရှိသောသူ ကိုသတ်ရန်ပင်လျှင်လက်မနှေးကြ။ သင် တို့ရောက်လေရာအရပ်တိုင်း၌ဆုံးပါး ပျက်စီးမှုသာလျှင်ကျန်ရှိခဲ့တတ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Proverbs 1:16အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။
Proverbs 15:26မတရားသောသူ၏ အကြံအစည်တို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏ စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။
Isaiah 59:3သင်တို့သည်လိမ်လည်ကောက်ကျစ်စွာပြော ဆိုမှု၊ သင်တို့၏လက်များနှင့်လက်ချောင်း များသည် သွေးများပေကျံမှု၊ လူသတ်မှု တို့အတွက်အပြစ်ရှိကြ၏။
Isaiah 65:2ခေါင်းမာလျက်အမှားကိုပြုကျင့်ကာမိမိ တို့၏ထင်ရာသို့လိုက်တတ်သူ ဤလူစုအား ငါသည်ကြိုဆိုလက်ခံရန်အစဉ်အမြဲ အသင့်ရှိပါ၏။-
Lamentations 4:13သို့ရာတွင်ယင်းသို့ချင်းနင်းဝင်ရောက်မှုကား ဖြစ်ပွားခဲ့ပြီ။ ထိုမြို့၏ပရောဖက်များနှင့်ယဇ်ပုရောဟိတ် များသည် အပြစ်ကူးကြသဖြင့်အပြစ်မဲ့သူတို့သည် သေရကြလေပြီ။
Ezekiel 22:6သင့်အထဲရှိဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့သည် မိမိတို့၏စွမ်းရည် ကိုအားကိုး၍လူသတ်မှုများကိုကူးလွန် ကြ၏။-