Isaiah 64:4
မိမိအားမျှော်ကိုးကြသူတို့အတွက်ဤ မည်သောအမှုတို့ကို ကိုယ်တော်ရှင်၏နည်း တူပြုတော်မူသည့်ဘုရားကိုအဘယ်သူ မျှမတွေ့မမြင်ဘူးပါ။ ထိုဘုရားအကြောင်း ကိုကြားလည်းမကြားဘူးကြပါ။-
Common Language Bible
In The King James Version
In Context
Cross References
Ezra 9:7ဘိုးဘေးများလက်ထက်မှအစပြု၍ယနေ့ တိုင်အောင်ပင် ကိုယ်တော်၏လူမျိုးတော်အကျွန်ုပ် တို့သည် လွန်စွာအပြစ်ကူးခဲ့ကြပါ၏။ ထို အပြစ်များကြောင့်အကျွန်ုပ်တို့၏ဘုရင်များ နှင့်ယဇ်ပုရောဟိတ်တို့သည် လူမျိုးခြားဘုရင် များ၏လက်သို့အပ်နှင်းခြင်း၊ ဋ္ဌားဘေးသင့်ခြင်း၊ လုယက်ခြင်း၊ သုံ့ပန်းအဖြစ်ဖမ်းဆီးသွားခြင်း၊ ယခုအခါ၌ကဲ့သို့လုံးဝအသရေပျက် ခြင်းတို့ကိုခံရကြပါ၏။-
Psalms 62:1ငါ့ကိုဘုရားသခင်ကယ်တင်ရန်ငါသည် စိတ်ရှည်စွာ စောင့်မျှော်လျက်နေပါ၏။ ငါသည်ကိုယ်တော်ကိုသာလျှင်မှီခိုပါ၏။
Psalms 130:5ငါသည်ထာဝရဘုရားကူမတော်မူခြင်းကို စောင့်မျှော်လျက်နေ၏။ ကိုယ်တော်၏ကတိတော်ကိုယုံကြည်ကိုးစားပါ၏။
Isaiah 30:18သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။
Lamentations 3:25ထာဝရဘုရားသည်မိမိအားယုံကြည်ကိုးစား သူမှန်သမျှကိုကျေးဇူးပြုတော်မူတတ်၏။
Daniel 9:8အို အရှင်ဘုရားအကျွန်ုပ်တို့၏ဘုရင်များ၊ မင်းညီမင်းသားများနှင့်ဘိုးဘေးများသည် ရှက်ကြောက်ဖွယ်ရာအမှုတို့ကိုပြုကျင့် လျက်ကိုယ်တော်အားပြစ်မှားကြပါပြီ။-