Isaiah 64:3
အခါတစ်ပါးကကိုယ်တော်ရှင်သည်ကြွလာ တော်မူ၍ ကျွန်တော်မျိုးတို့မမျှော်လင့်သည့် ကြောက်လန့်ဖွယ်ရာအမှုများကိုပြုတော်မူ ပါ၏။ တောင်များသည်ကိုယ်တော်ရှင်ကိုမြင် ၍ကြောက်စိတ်နှင့်တုန်လှုပ်ကြပါ၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 34:10ထာဝရဘုရားကမောရှေအား``ငါသည်ယခု ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ်ပြု မည်။ ငါသည်သူတို့၏မျက်မှောက်တွင်ကမ္ဘာပေါ် ရှိမည်သည့်နိုင်ငံတွင်မျှမပြုဘူးသောကြီး မားသောအရာများကိုငါပြုမည်။ ငါထာဝရ ဘုရားသည်ကြီးမားသောအရာများကိုပြု နိုင်ကြောင်းလူအပေါင်းတို့မြင်ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့ အတွက်ကြောက်မက်ဖွယ်ရာအမှုကို ပြုမည်။-
Deuteronomy 10:21ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်သည် သင်တို့၏ဘုရားဖြစ်တော်မူ၏။ သင်တို့အတွက် ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်သောအမှု ကြီးများကို သင်တို့ကိုယ်တိုင်မြင်ခဲ့ရကြပြီ။-
2 Samuel 7:23အဘယ်လူမျိုးမျှကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလလူမျိုးနှင့်နှိုင်းယှဉ်၍မရ ပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော် စစ်ချီလာချိန်၌အခြားလူမျိုးတို့နှင့် သူ တို့၏ဘုရားများအားနှင်ထုတ်တော်မူခဲ့ ပါ၏။ အီဂျစ်ပြည်တွင်ကျွန်ခံရာမှကယ် ဆယ်တော်မူခဲ့သောလူတို့ကိုမိမိ၏လူ မျိုးတော်ဖြစ်စေတော်မူပါ၏။-
Psalms 66:3``ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည် ကြီးမားလှသည်ဖြစ်၍ရန်သူတို့သည်ရှေ့တော်တွင် ကြောက်ရွံ့ဝပ်တွားကြပါ၏။
Psalms 68:8မြေကြီးသည်တုန်လှုပ်၍မိုးကောင်းကင်မှ မိုးရွာပါ၏။ အဘယ်ကြောင့်ဆိုသော် သိနာတောင်၏ဘုရားတည်းဟူသော ဣသရေလအမျိုးသားတို့၏ဘုရားသည် ကြွလာတော်မူသောကြောင့်ဖြစ်ပါ၏။
Psalms 105:27သူတို့သည်အီဂျစ်ပြည်တွင်အံ့ဖွယ်သောတန်ခိုး နှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြကြ၏။