ဝတ်ပြုရာကျမ်း 11:7
ဝက်သားကိုလည်းမစားရ။ ဝက်တို့သည်ခွာ ကွဲသော်လည်းစားမြုံ့မပြန်သဖြင့် စားရန် မသန့်ရှင်းဟုမှတ်ယူရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 14:8ဝက်သားကိုမစားရ။ ဝက်သည်ခွာကွဲသော် လည်းစားမြုံ့မပြန်သောကြောင့် မသန့်သော တိရစ္ဆာန်ဟူ၍မှတ်ရမည်။ တားမြစ်ထားသော ဤတိရစ္ဆာန်တို့၏အသားကိုမစားရ။ ယင်း တို့၏အသေကောင်များကိုပင်လျှင်မကိုင် တွယ်ရ။
Isaiah 66:3လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-
Matthew 7:6``မွန်မြတ်သောအရာကိုခွေးတို့အားမပေးကြနှင့်။ သို့ပြုပါမူသူတို့သည်လှည့်၍သင်တို့အားကိုက် လိမ့်မည်။ ပုလဲရတနာများကိုဝက်တို့ရှေ့မှာ မချထားကြနှင့်။ သို့ပြုပါမူသူတို့သည် ထို အရာတို့ကိုကျော်နင်းသွားကြလိမ့်မည်။
Luke 15:15သို့ဖြစ်၍ထိုပြည်သားတစ်ယောက်ထံတွင်ခိုကိုး ရ၏။ ထိုသူကသူ့အားလယ်တောသို့စေလွှတ် ၍ဝက်များကိုကျောင်းစေ၏။-