ရှင်ယာကုပ်ဩဝါဒစာ 1:10
ချမ်းသာကြွယ်ဝသောညီအစ်ကိုသည်မိမိ အားဘုရားသခင်နိမ့်ကျစေတော်မူသော အခါဝမ်းမြောက်ရမည်။ အဘယ်ကြောင့်ဆို သော်ချမ်းသာကြွယ်ဝသူတို့သည်တောပန်း ကဲ့သို့ညှိုးနွမ်းပျောက်ပျက်သွားမည်ဖြစ် သောကြောင့်တည်း။-
Common Language Bible
In The King James Version
But the rich, in that he is made low: because as the flower of the grass he shall pass away.
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 1
Cross References
Psalms 37:2သူတို့သည်ခြောက်သွေ့သွားသောမြက်ပင်ကဲ့သို့ ပျောက်ပျက်ကြကုန်လိမ့်မည်။ ညှိုးနွမ်းသောအပင်ငယ်များကဲ့သို့ သေကြေပျက်စီးကြလိမ့်မည်။
Psalms 90:5ကိုယ်တော်ရှင်သည်လူသားတို့အားလျင်မြန်စွာ ပျောက်ကွယ်သွားစေတော်မူပါ၏။ သူတို့သည်အိပ်မက်သကဲ့သို့တစ်ခဏမျှသာ နေကြရပါ၏။ နံနက်ချိန်၌ကြီးပွားပွင့်လန်း၍ညနေချိန်၌ ညှိုးနွမ်းခြောက်သွေ့သွားတတ်သောမြက်ပင်ကဲ့သို့ ပျောက်ကွယ်သွားတတ်ကြပါ၏။
Psalms 103:15ငါတို့၏ဘဝအသက်တာသည်မြက်ပင်နှင့် တူ၏။ ငါတို့သည်တောပန်းကဲ့သို့ကြီးထွား ပွင့်လန်းလျက်နေကြ၏။
Isaiah 57:15``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
Matthew 5:3``စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာ ရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။
1 Corinthians 7:31လောကဥစ္စာဘဏ္ဍာကိုသုံးသောသူတို့သည် မသုံးသကဲ့သို့နေအပ်၏။ အဘယ်ကြောင့်ဆို သော်ယခုလက်ရှိကမ္ဘာလောကကြီးသည် ကာလကြာမြင့်စွာတည်ရှိနေတော့မည် မဟုတ်သောကြောင့်တည်း။