ရှင်ယာကုပ်ဩဝါဒစာ 3:15
ထိုကဲ့သို့သောပညာသည်အထက်မှသက် ရောက်သည့်ပညာမဟုတ်။ လောကီဆန်သော၊ အသွေးအသားနှင့်ဆိုင်သော၊ နတ်မိစ္ဆာတို့နှင့် ပတ်သက်သောပညာသာလျှင်ဖြစ်ပေသည်။-
Common Language Bible
In The King James Version
This wisdom descendeth not from above, but is earthly, sensual, devilish.
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 3
Cross References
Genesis 3:1မြွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်း တော်မူသမျှသောတိရစ္ဆာန်တို့တွင် အစဉ်းလဲဆုံး သတ္တဝါဖြစ်၏။ ``ဘုရားသခင်ကဥယျာဉ်ထဲ ရှိအပင်များမှအသီးကိုမစားရဟု အမှန် ပင်ပညတ်ထားပါသလော'' ဟူ၍မြွေက မိန်းမအားမေး၏။
2 Samuel 15:31အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
Jeremiah 4:22ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
John 3:17သားတော်ကိုလောကသို့စေလွှတ်တော်မူသည် မှာ လောကသားတို့အားအပြစ်စီရင်ရန် မဟုတ်။ လောကသားတို့ကိုကယ်တင်ရန် ဖြစ်၏။
Acts 13:10``မာရ်နတ်၏သား၊ လှည့်စားလိမ်လည်တတ်သူ၊ အမှန်တရား၏ရန်သူ၊ သင်သည်ထာဝရ ဘုရား၏ဖြောင့်မှန်သောတရားလမ်းကို ကောက်လိမ်အောင်ပြုပါသည်တကား။-
1 Corinthians 1:19အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင် ``ပညာရှိတို့၏ဉာဏ်ပညာကိုငါဖျက်ဆီးမည်။ အသိပညာရှင်တို့၏အသိပညာကိုလည်း ငါပယ်ရှားမည်'' ဟုရေးသားဖော်ပြထားသောကြောင့်ဖြစ်၏။-