ရှင်ယာကုပ်ဩဝါဒစာ 3:14
သို့သော်အကယ်၍သင်တို့စိတ်နှလုံးတွင် နာကြည်းစိတ်၊ မနာလိုစိတ်၊ တစ်ကိုယ်ကောင်း စိတ်များရှိလျှင်မိမိဉာဏ်ပညာအတွက် ကြွားဝါပြောဆိုခြင်းအားဖြင့်သမ္မာတရား ကိုမဆန့်ကျင်နှင့်။-
Common Language Bible
In The King James Version
But if ye have bitter envying and strife in your hearts, glory not, and lie not against the truth.
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 3
Cross References
Genesis 37:11ယောသပ်၏အစ်ကိုတို့ကသူ့အားမုန်းတီး ကြ၏။ သူ၏ဖခင်ကမူထိုအကြောင်းကို မှတ်ကျုံးထားလေ၏။
2 Kings 10:16ငါနှင့်အတူလိုက်၍ထာဝရဘုရားအတွက် ငါအဘယ်မျှစိတ်ထက်သန်သည်ကိုသင် ကိုယ်တိုင်ကြည့်ရှု့လော့'' ဟုဆို၏။ သူတို့ နှစ်ဦးသည်အတူတကွ ရှမာရိမြို့သို့ ရထားစီး၍သွားကြ၏။-
Job 5:2ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။
Proverbs 27:4မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။
Habakkuk 1:3ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား ဤသို့သောဆင်းရဲဒုက္ခနှင့်ဆိုးညစ်မှုကိုကြုံတွေ့စေတော်မူပါသနည်း။ ကျွန်တော်မျိုးသည်အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့နှင့်ရင်ဆိုင်၍နေရပါ၏။ နေရာတကာတွင်ခိုက်ရန်ဖြစ်ပွားမှု၊ ငြင်းခုံမှုများကိုလည်းတွေ့မြင်ရပါ၏။-
John 16:2သင်တို့သည်တရားဇရပ်များမှနှင်ထုတ်ခြင်း ခံရလိမ့်မည်။ သင်တို့ကိုသတ်ဖြတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ခြင်း ပင်ဖြစ်သည်ဟု လူတို့ထင်မှတ်သည့်အချိန် ကာလမုချကျရောက်ပေအံ့။-