ရှင်ယာကုပ်ဩဝါဒစာ 3:5
လျှာသည်လည်းထိုနည်းအတိုင်းပင်ဖြစ် ပေသည်။ ယင်းသည်ကိုယ်ခန္ဓာ၏သေးငယ်သော အင်္ဂါအစိတ်အပိုင်းမျှသာဖြစ်သော်လည်း ကြီးကျယ်သောအရာများအကြောင်းကို ကြွားဝါတတ်သည်။ အလွန်ကြီးသောသစ်တောကိုသေးငယ်သော မီးပွားကလေးက လောင်ကျွမ်းစေနိုင်သည် ကိုစဉ်းစားကြည့်ပါလေ။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 3
Cross References
Exodus 5:2ဖာရောဘုရင်က``ထိုဘုရားသည်မည်သူနည်း။ ငါသည်အဘယ်ကြောင့်ထိုဘုရား၏စကား ကိုနာခံလျက် ဣသရေလအမျိုးသားတို့ကို လွှတ်ရမည်နည်း။ ငါသည်ထိုဘုရားကိုမသိ သဖြင့်ဣသရေလအမျိုးသားတို့ကိုမ လွှတ်နိုင်'' ဟုဆိုလေ၏။
2 Kings 19:22သင်သည်အဘယ်သူအားစော်ကားကဲ့ရဲ့လျက် နေသည်ကို သင်သိပါသလော။ သင်သည်ဣသ ရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသော ငါဘုရားအားမလေးမခန့် ပြု၍ နေပါသည်တကား။-
Job 22:17ဆိုတတ်သော အဓမ္မ လူတို့လိုက်ဘူး သောလမ်းဟောင်းကို သင်သည်လိုက်ဦးမည်လော။
Psalms 12:2လူအပေါင်းတို့သည်အချင်းချင်းလိမ်လည် ပြောဆို၍ မြှောက်ပင့်ကာလှည့်စားကြပါ၏။
Psalms 52:1တန်ခိုးကြီးသောအချင်းလူ၊အဘယ်ကြောင့် မိမိ၏ဆိုးညစ်မှုကိုကြွားဝါသနည်း။ ဘုရားသခင်၏သစ္စာတော်သည်အစဉ်အမြဲတည်၏။
Proverbs 12:18သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။