ရှင်ယာကုပ်ဩဝါဒစာ 4:12
ဘုရားသခင်တစ်ပါးတည်းသာလျှင်ပညတ် တရားတော်ကိုပေး၍စစ်ကြောစီရင်ပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင်ကယ်တင်ရန်သော်လည်းကောင်း၊ ဖျက် ဆီးရန်သော်လည်းကောင်းတတ်နိုင်တော်မူ၏။ သင်သည်အဘယ်သူဖြစ်၍မိမိ၏အိမ်နီး ချင်းကိုစစ်ကြောစီရင်ရသနည်း။
Common Language Bible
In The King James Version
There is one lawgiver, who is able to save and to destroy: who art thou that judgest another?
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 4
Cross References
Job 38:2ပညာမရှိဘဲစကားပြောကာမျှနှင့် ငါ့အကြံကို မိုက်စေသော ဤ သူကား အဘယ်သူနည်း။
Matthew 10:28ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။-
Romans 2:1သို့ဖြစ်၍မိတ်ဆွေ၊ သင်သည်သူတစ်ပါးအား အပြစ်စီရင်ပါသလော။ သင်သည်မည်သူဖြစ် စေကာမူသူတစ်ပါးအားအပြစ်စီရင်နိုင် သောအခြေအနေတွင်မရှိ။ သင်သည်သူတစ် ပါးကဲ့သို့အပြစ်ကူးလွန်သူဖြစ်လျက် နှင့် သူတစ်ပါးအားအပြစ်စီရင်လျှင်မိမိ ကိုယ်တိုင်အားလည်းအပြစ်စီရင်ရာရောက် ၏။-
Romans 14:4သင်သည်အဘယ်သူဖြစ်၍သူတစ်ပါး၏ အစေခံကိုစစ်ကြောစီရင်နိုင်သနည်း။ ထို အစေခံ၏အလုပ်သည်ကျေနပ်ဖွယ်ဖြစ်သည် မဖြစ်သည်ကိုသူ၏သခင်ကဆုံးဖြတ်လိမ့် မည်။ သူ၏အလုပ်ကျေနပ်ဖွယ်ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သခင်ဘုရားသည် သူ့အားကူမတော်မူနိုင်သောကြောင့်တည်း။
Hebrews 7:25သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။